ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ နောင်ချိုစစ်ကောင်စီတပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်၊ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် ဒေသခံနှင့် နောင်ပိန်ရောက်စစ်ဘေးရှောင်းများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၂၆ ရက်) နေ့လယ် ၁၂ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ။

“နေ့လယ် ၁၂ နာရီလောက်ကတည်းက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တာ၊ ညနေပိုင်းအထိ ၈ လုံးကျတယ်။ စာသင်ကျောင်းဘက်ရယ်၊ နတ်စင်ဘက်ရယ် နောက်ပြီးတော့ ဈေးနားက ငါးသည်တစ်ယောက် ခေါင်းပြတ်သွားတယ်။ အစောပိုင်းတုန်းက တော်တော်ဆိုးဆိုးဝါးဝါးပဲ ပြေးကြတာ၊ အခုက တချို့လည်း အိမ်ပြန်လာကြပြီ” ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်) နေ့လယ်ပိုင်းကလည်း နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ ပင်ပေါ၊ ပင်တီး၊ ပင်တိန်နှင့် နောင်ပိန်လမ်းခွဲ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပင်ပေါကျေးရွာမှ အရပ်သား(၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း နောင်ချိုဘက်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၃၀၀၀) ကျော် ကျန်ရှိနေပြီး နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် လက်နက်ကြီးအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် လုံခြုံရေးစိုးရိမ်ကာ ထပ်မံထွက်ပြေးရန် ပြင်ဆင်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင်လည်း နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ သပြေရေရပ်ကွက်မှ နောင်ပြစ်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်သားအမိနှစ်ဦးကို ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

လက်ရှိတွင် နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားကြီး ဗုံးခွဲဖျက်စီးခံထားရခြင်းကြောင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရသော်လည်း မကြာမီ နောင်ချိုစစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းများ ချီတက်လာပြီး ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...