ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းတလျှောက် စစ်ကောင်စီတပ် မြေပြင်ထိုးစစ်ဆင်

သျှမ်း-မန္တလေးနယ်စပ်ရှိ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက်သို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ် လာမှုကြောင့် TNLA၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လလယ်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အုမ္မသီးလမ်းခွဲမှတဆင့် နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက် မြေပြင်ထိုးစစ် လာသဖြင့် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာ နှင့် ဒိုးပင်ကျေးရွာဘက်တွင် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အခုက အုမ္မသီးလမ်းခွဲကနေ တက်လာတဲ့ စကစတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတာ။ သုံးဆယ်နဲ့ ရွှေကြာအင်းကို စကစဘက်က သိမ်းပြီးတော့ ဟိုခိုလမ်းခွဲဘက် ကျော်လာပြီ။ ပြင်ဦးလွင်ဘက်က တက်လာတဲ့ စစ်ကြောင်းနဲ့လည်း ကျောက်မဲလေးနဲ့ သံဘိုဘက်မှာ တိုက်နေတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲဘက်မှ တက်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် နောင်ချို-မိုးကုတ်လမ်းမကြီးပေါ်ရှိ ဆမ္မဆယ်ကျေးရွာနှင့် သုံးဆယ်ကျေးရွာတို့ကို ထပ်မံထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ ပြင်ဦးလွင်ဘက်မှ မိုးကုတ်လမ်းမကြီးအတိုင်း ချီတက်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျောက်မဲလေးကျေးရွာ၊ သံဘိုကျေးရွာ၊ အင်းမကျေးရွာတို့တွင် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်နေရပြီး ပြင်ဦးလွင်-နောင်ချို-မိုးကုတ် လမ်းဆုံဖြစ်သည့် ဟိုခိုကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းများ ပြန်လည်ပူးပေါင်းသွားကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဇူလိုင်လ (၃၁) ရက်တွင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၈) လုံး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

နောင်ချို-မိုးကုတ်လမ်းမကြီးပေါ် သုံးဆယ်ရွာကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ် (ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်)

အခြားတစ်ဘက်တွင်လည်း မိုးကုတ်မြို့သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို TNLA ဘက်မှ ပျက်စီးနေသည့် လမ်းတံတားများကို ပြုပြင်ရန်ဟုဆိုကာ ဇူလိုင်လ (၂၉) ရက်မှ ဩဂုတ်လ (၅) ရက်နေ့အထိ တစ်ပတ်တိတိ ပိတ်ထားသည်။

မိုးကုတ်-ကျောက်မဲလမ်းပိုင်း၊ မိုးကုတ်-မိုးမိတ်လမ်းပိုင်း၊ မိုးကုတ်-စဉ့်ကူးလမ်းပိုင်း၊ မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်း၊ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းပိုင်းနှင့် တကောင်း-တွင်းငယ်-မိုးမိတ်လမ်းပိုင်းတို့ကို TNLA ဘက်မှ ဩဂုတ်လ (၆) ရက်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဟု ဆိုသော်လည်း ကုန်တင်ကားများကို နောက်ထပ်ကြေညာချက် မထုတ်ပြန်ခင်အထိ ပိတ်ထားမည်ဟု TNLA ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထိုသို့ မိုးကုတ်မြို့ထဲ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို TNLA ပိတ်ထားစဉ် တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ မိုးကုတ်မြို့ပေါ် လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့် ကလေး အပါအဝင် အရပ်သား (၁၅) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လအတွင်းက TNLA နှင့် PDF တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် သပိတ်ကျင်းမြို့တို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မိုးကုတ်မြို့ကို ဦးတည်၍ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးအတိုင်း မြေပြင်ထိုးစစ် ဆက်လက်ချီတက်နေကြောင်း ဒေသခံများက ပြောဆိုနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...