နမ့်ခမ်း
နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့...
နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်
သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...
နမ့်ခမ်းမြို့နယ်ရှိ ရွှေလီတံတားကို TNLA နှင့် KIA တို့ အပြိုင် ပိတ်ထား
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရွှေလီတံတားမှာကတော့...
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုရှိလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ ၊ ဆေးခန်း နှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်လာသဖြင့် ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံများ အချို့ စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ...
မူဆယ်-နမ့်ခမ်းကြား စစ်ကောင်စီနှင့် TNLA ကုန်စည်စီးဆင်းမှု အပြန်အလှန်ပိတ်ပင်
သျှမ်းပြည် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ကုန်စည်စီးဆင်းမှုကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅)...
TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့်...
မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့အနီး စစ်ကောင်စီ ဂျက်ဖိုက်တာ ဗုံးကြဲ၊ တရုတ်ဘက် လေကြောင်းသတိပေးဟုဆို
သျှမ်းပြည် နမ့်ခမ်းမြို့အနီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခဲ့ပြီး တရုတ်ဘက်မှ လေကြောင်းသတိပေး ပျံသန်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၇ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပျံဝဲနေခဲ့ပြီး...
နမ့်ခမ်းမြို့ နေအိမ်တစ်အိမ်ထဲ အမည်မသိလက်နက်ကိုင် ဗုံးလာပစ် ပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နေအိမ်တစ်အိမ်ထဲသို့ အမည်မသိ လက်နက်ကိုင်များမှ လက်ပစ်ဗုံး လာရောက်ပစ်သွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် အောင်မေတ္တာရပ်ကွက်ရှိ တရုတ်လူမျိုး နေအိမ်တစ်အိမ်ကို...
နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့်...
နမ့်ခမ်း TLEC ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းရန် TLEC မှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း...





