နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို တစ်ဆိုင်လျှင် ကျပ်ငါးသိန်းမှ သိန်း ၅၀ အထိ TNLA လက်အောက်ခံ အခွန်ဌာနမှ ၂၀၂၆ ခုနှစ်အတွက် တစ်နှစ်စာ အခွန်ကြိုတင် ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းနောက်တွင် TNLA ထံ အခွန်မပေးဆောင်နိုင်သည့် ဈေးသည်များ လအတန်ကြာ ဆိုင်ခန်းပိတ်သိမ်းထားခဲ့ရာ ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ နမ့်ခမ်းမြို့မစျးနှင့် အနီးအနား တိုက်ခန်းများရှိ ဈေးပြန်မရောင်းသည့် ဆိုင်ခန်းများကို သိမ်းယူပြီး အခြားသူထံ လေလံတင်ရောင်းချမည်ဟု TNLA လက်အောက်ခံ တာဝန်ရှိသူများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဈေးထဲနဲ့ တိုက်တန်းမှာ ရောင်းတဲ့လူတွေ ဆိုင်လာမဖွင့်ရင် TNLA ဘက်က သိမ်းပြီးတော့မှ တခြားလူကို လေလံတင်ရောင်းမယ်လို့ ခြိမ်းခြောက်နေတယ်။ တချို့လည်း ဆိုင်တော့ဖွင့်ပေမယ့် သူတို့ TNLA ဆီမှာ အခွန်သွားမဆောင်ရင် အဲ့တာလည်း သိမ်းပြီး လေလံတင်မယ်ပြောလို့ ဈေးသည်တွေ ဒုက္ခရောက်နေတယ်။ အများစုက အခွန်ကောက်တာများလို့ ဆိုင်မဖွင့်ဘဲ နားထားကြတာ” ဟု နမ့်ခမ်းမြို့မဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ပေါ်တွင် TNLA ထံ အခွန်မပေးဆောင်နိုင်သည့် ဈေးဆိုင်ခန်းများကို သိမ်းယူပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ မေးမြန်းရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ယခင်ဖြေကြားသည့် ဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်း မရှိပါ။

အလားတူ နမ့်ခမ်းမြို့နှင့် မူဆယ်မြို့အကြား စယ်လန့်ကျေးရွာအနီးရှိ TNLA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး ဂိတ်ပိတ်ချိန်ထက် နောက်ကျမှ ရောက်သည့် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းခွင့်ရရန် ငွေပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။

“ဗမာစစ်တပ်နဲ့ ပလောင်တပ်နဲ့ ဆိုင်ထားတဲ့ စယ်လန့်အဝင် ဆိုင်းခေါင်ဘက်မှာ ဂိတ်တွေ ပိတ်တာ စောတယ်။ ည ၆ နာရီပိတ်တယ်၊ မနက် ၇ နာရီမှ ဖွင့်တယ်။ နောက်ကျမှ ရောက်သွားလို့ ဖြတ်ချင်ရင် ကားတစ်စီးကို ၂ သောင်း၊ ဆိုင်ကယ်တစ်စီးကို ၁ သောင်း အဲ့လိုကောက်တယ်။ သွားလာရတာခက်လို့ ရှာဖွေစားသောက်ရတာ မလွယ်ဘူး၊ ပြည်သူတွေလည်း ဂိတ်စောပိတ်လို့ ငြီးနေကြတယ်” ဟု နမ့်ခမ်းဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ရပ်ကွက်အလိုက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ အလှည့်ကျ လိုက်လံပြုလုပ်ပေးနေပြီး TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင် မရှိဘဲ မူဆယ်မြို့ဘက် သွားရောက်လိုပါက ဂိတ်ဖြတ်သန်းခွင့် မပြု ဟု ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ဒေသခံများ မဖြစ်မနေ လုပ်ဆောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...