မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်

သျှမ်းပြည် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။

ယနေ့ (ဇူလိုင်လ ၃၁ ရက်) မနက် ၆ ရက်နာရီတွင် မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီးကို အကြောင်းရင်းမဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်မှာပဲ အကြောင်းပြချက်လည်းမရှိဘူး။ ဘာမှလည်း မဖြစ်ပဲ ဒီတိုင်းပိတ်လိုက်တာ။ ဈေးသည် တွေနဲ့ ကလေးတွေကျောင်းသွားကျောင်းလာဖို့လည်း ခက်ခဲကုန်တယ်။ မူဆယ်က ကားသမားတွေက နမ့်ခမ်းဘက်မှာ လာပိတ်မိနေကြတာ။”ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

EOR Banner 1

မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီး ၊ မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာ နှင့် နမ့်ခမ်းမြို့ရှိ မန့်ခမ်းရပ်ကွက်ကို ပိတ်ထားကြောင်းသိရသည်။

TNLA မှ မူဆယ် – နမ့်ခမ်း လမ်မကြီးကို အကြောင်းရင်းမဲ့စွာ ပိတ်လိုက်သည့်အတွက် ကလေးကျောင်းသွားလာခြင်း၊ ကားသမား၊ ကုန်သည်၊ ဈေးသည် နှင့် တောင်သူ လယ်သမားများ အတွက် အခက်အခဲများ ဖြစ်စေကြောင်း အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“လမ်းလျှောက်သွားလာလို့တော့ ရတယ်။ ကားနဲ့ ဆိုင်ကယ် သွားလာလို့မရဘူး။နမ့်ခမ်းကလူတွေက မူဆယ် ၊ ကျယ်ခေါင်ဘက်က ကုန်ပစ္စည်းတွေကို သွားဝယ်ကြရတာလေ။ ဈေးသယ်တွေကစ သွားလာမရတော့ အဆင်မပြေကြဘူး။”ဟု အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) တွင် မိုးကုတ် မှ ကျောက်မဲ၊ မိုးမိတ် ၊ စဉ်းကူး၊ သပိတ်ကျင်း ကားလမ်း၊ ပြင်ဦးလွင် မှ အုမ္မတီး ၊ အုမ္မခါး၊ မိုင်းလုံ ကားလမ်းနှင့် တာကောင်း မှ တွင်းငယ် ၊ မိုးမိတ် ကားလမ်းတို့ကို TNLA မှ ရေကြီး မြေပြိုမှုကြောင့် လမ်းတံတားပျက်စီးကြောင်းကို အကြောင်းပြီး ဖြတ်သန်းသားလာခွင့် ယာယီပိတ်ထားကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...