Tuesday, January 27, 2026

မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်

သျှမ်းပြည် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။

ယနေ့ (ဇူလိုင်လ ၃၁ ရက်) မနက် ၆ ရက်နာရီတွင် မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီးကို အကြောင်းရင်းမဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်မှာပဲ အကြောင်းပြချက်လည်းမရှိဘူး။ ဘာမှလည်း မဖြစ်ပဲ ဒီတိုင်းပိတ်လိုက်တာ။ ဈေးသည် တွေနဲ့ ကလေးတွေကျောင်းသွားကျောင်းလာဖို့လည်း ခက်ခဲကုန်တယ်။ မူဆယ်က ကားသမားတွေက နမ့်ခမ်းဘက်မှာ လာပိတ်မိနေကြတာ။”ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

EOR Banner 1

မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီး ၊ မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာ နှင့် နမ့်ခမ်းမြို့ရှိ မန့်ခမ်းရပ်ကွက်ကို ပိတ်ထားကြောင်းသိရသည်။

TNLA မှ မူဆယ် – နမ့်ခမ်း လမ်မကြီးကို အကြောင်းရင်းမဲ့စွာ ပိတ်လိုက်သည့်အတွက် ကလေးကျောင်းသွားလာခြင်း၊ ကားသမား၊ ကုန်သည်၊ ဈေးသည် နှင့် တောင်သူ လယ်သမားများ အတွက် အခက်အခဲများ ဖြစ်စေကြောင်း အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“လမ်းလျှောက်သွားလာလို့တော့ ရတယ်။ ကားနဲ့ ဆိုင်ကယ် သွားလာလို့မရဘူး။နမ့်ခမ်းကလူတွေက မူဆယ် ၊ ကျယ်ခေါင်ဘက်က ကုန်ပစ္စည်းတွေကို သွားဝယ်ကြရတာလေ။ ဈေးသယ်တွေကစ သွားလာမရတော့ အဆင်မပြေကြဘူး။”ဟု အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) တွင် မိုးကုတ် မှ ကျောက်မဲ၊ မိုးမိတ် ၊ စဉ်းကူး၊ သပိတ်ကျင်း ကားလမ်း၊ ပြင်ဦးလွင် မှ အုမ္မတီး ၊ အုမ္မခါး၊ မိုင်းလုံ ကားလမ်းနှင့် တာကောင်း မှ တွင်းငယ် ၊ မိုးမိတ် ကားလမ်းတို့ကို TNLA မှ ရေကြီး မြေပြိုမှုကြောင့် လမ်းတံတားပျက်စီးကြောင်းကို အကြောင်းပြီး ဖြတ်သန်းသားလာခွင့် ယာယီပိတ်ထားကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...