နမ့်ခမ်း TNLA မှ ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့လှည့်လည်ပြသ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား (၅) ဦးကို လုံခြုံရေးအပြည့်ဖြင့် ကားပေါ်တင်ပြီး ခေါ်ဆောင်ကာ လမ်းမကြီးအတိုင်း မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်ခိုးမှုနဲ့ မူးယစ်ဆေးဝါးမှု၊ ခိုးရာပါပစ္စည်းလက်ခံမှု ဆိုပြီး လည်ပင်းမှာ ကတ်ပြားဆွဲထားပေးတာ။ ဘယ်လိုစီရင်ချက် ချတယ်ဆိုတာကိုတော့ မကြားရသေးဘူး။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တယ်လို့ ပြောပြီးတော့ ကွန်မြူနစ်လမ်းစဉ်ဘက် ဒဏ်ပေးနည်း လိုက်သွားတာတော့ စိတ်မကောင်းဘူးပေါ့”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓာတ်ပုံ – နမ့်ခမ်းမြို့ပေါ် TNLA လှည့်လည်ပြသခဲ့သည့် ပြစ်မှုကျူးလွန်သူများ (ဓာတ်ပုံ-ပေးပို့)

အဆိုပါ ပြစ်မှုကျူးလွန်သူ (၅) ဦးကို မြို့လယ်လမ်းမကြီးအတိုင်း လှည့်လည်ပြသခဲ့ပြီးနောက် TNLA ဘက်မှ မည်သို့ စီရင်ချက် ချမှတ်လိုက်သည်ကို မသိရှိရသေးဘဲ မြို့ပေါ် လမ်းဆုံလမ်းခွ မီးပွိုင့်နေရာများတွင် အခြားသော ပြစ်မှုကျူးလွန်သူများကို ထပ်မံကြေညာထားပြီး ရှာဖွေဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်မဆုတ်ခွာခင်ကလည်း MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှု ကျူးလွန်သူ (၈) ဦးကို အများပြည်သူရှေ့ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် စီရင်ချမှတ်ခဲ့ပြီး သေဒဏ် ချမှတ်ခံခဲ့ရသည့် အမျိုးသား (၇) ဦးတို့ကို လားရှိုးလေဆိပ်ဘက်သို့ ခေါ်ဆောင်သွားကာ ချက်ချင်းကွပ်မျက်လိုက်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

အလားတူ ‘ဝ’တပ်ဖွဲ့ UWSA လည်း ၎င်းတို့ထိန်းချုပ်ဒေသရှိ မြို့ကြီးများတွင် ဖမ်းဆီးရမိသည့် ရာဇဝတ်မှုကျူးလွန်သူများကို ပြစ်ဒဏ်စီရင်ချမှတ်ခြင်း မပြုလုပ်မီ မြို့ပေါ်တွင် လှည့်လည်ပြသပြီးမှ “ပြည်သူ့တရားစီရင်ရေး အခမ်းအနား”ဟု ခေါင်းစဉ်တပ်ကာ ကျောင်းသားကျောင်းသူများ ပါဝင်သည့် လူစုလူဝေး ရှေ့မှောက်တွင် အသီးသီး ပြစ်ဒဏ်စီရင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...