နမ့်ခမ်း
သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...
မူဆယ်၊ နမ့်ခမ်းတွင် စက်သုံးဆီ တစ်လီတာ ၁၂၀၀၀ ကျပ်အထိရှိလာ၊ အကန့်အသတ်ဖြင့်သာ ရောင်းချ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် စက်သုံးဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များ အားလုံးနီးပါး ပိတ်ထားပြီး တစ်ရက်လျှင် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ဖွင့်လှစ်ကာ စက်သုံးဆီများကိုလည်း အကန့်အသတ်ဖြင့်သာ ရောင်းပေးနေကြောင်း နမ့်ခမ်းမြို့နယ်...
ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ အဆမတန် မြင့်တက်လာခြင်းကြောင့် ဒေသခံအခက်တွေ့
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ ပုံမှန်ထက် သုံးဆနီးပါးခန့် ကုန်ကျနေခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များတွင် ယခုနှစ် ဇန်နဝါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထားများကို အမှန်တကယ် ကုန်ကျသင့်သည်ထက် သုံးဆနီးပါးခန့်...
နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...
နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့်...
နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ
“၁၀၂၇ စစ်ဆင်ရေး” နှစ်ပတ်လည်နေ့တွင် သျှမ်းပြည် နမ့်ခမ်းမြို့ ဒေသခံများသည် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) တွင် ကျရောက်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်နှစ်ပြည့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့်...
နမ့်ခမ်း မြို့ဈေးပတ်ရောင်းချသူများကို TNLA က လုပ်ငန်းလိုင်စင် လုပ်ခိုင်း
သျှမ်းပြည် မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ဈေးပတ်ရောင်းချသူများကို လုပ်ကိုင်ခွင့် လိုင်စင် လုပ်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့ ဈေးပတ်ရောင်ချသူများကို မြို့နယ်စည်ပင်ယာရေးအဖွဲ့ရုံးထံ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သွားရောက် လျှောက်ထားရန်...
နမ့်ခမ်း TNLA မှ ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့လှည့်လည်ပြသ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား...
နမ့်ခမ်း-မန့်ဝိန်းကြီးကြား စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ဒေသခံထိတ်လန့်၊ တရုတ်ဘက်မှ နယ်စပ်အနီး ပစ်ခတ်သတိပေး
မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ...





