Tuesday, January 27, 2026

နမ့်ခမ်း-မန့်ဝိန်းကြီးကြား စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ဒေသခံထိတ်လန့်၊ တရုတ်ဘက်မှ နယ်စပ်အနီး ပစ်ခတ်သတိပေး

မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်သည့် မန့်ဝိန်းကြီးမြို့ကြား တောတွင်းတစ်နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

သို့သော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပြည်သူများသည် ပေါက်ကွဲသည့်အသံကျယ်လောင်စွာကြားရသဖြင့် စိုးရိမ်ထိတ်လန့်ပြီး လေကြောင်းဗုံး ပေါက်ကွဲပြီးနောက် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးသံများ ကြားရကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးသည် ၁၃မိုင်ခန့်သာကွာဝေးသည်။

မန့်ဝိန်းကြီးနှင့် နမ့်ခမ်း ကြားစစ်ကောင်စီ ဗုံးကြဲ

“နမ့်ခမ်းနဲ့ အရမ်းနီးလို့ မနေ့ညက ပြည်သူတွေ လန့်နိုးပြီး အထိတ်တလန့် ဖြစ်ကြတာ၊ မြို့ထဲထိ ကြားရတယ်။ မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးဘက် ကျတယ်ဆိုပေမယ့် နမ့်ခမ်းနဲ့ အရမ်းနီးတယ်။ နယ်စပ်နဲ့လည်း အရမ်းနီးတော့ တရုတ်ဘက်က မိုးပေါ်ကို မီးစိမ်းနဲ့ထိုးပြီး ကင်းလှည့်နေတာ၊ တရုတ်ဘက် သေနတ်ပစ်ပြီး သတိပေးတဲ့ အသံလည်း ကြားတယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်-မြန်မာ နယ်စပ်အနီး စစ်ကောင်စီတပ်က ညသန်းခေါင်ယံ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာသည် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် မံစီမြို့နယ်ထဲ ပါဝင်သည့် မန့်ဝိန်းကြီးမြို့အကြားရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်ရင်း (၂၇) အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“နမ့်ခမ်းနဲ့ သိပ်မဝေးဘူး၊ မံစီမြို့နယ်ထဲ ပါတဲ့ မန့်ဝိန်းကြီးဘက် တောထဲမှာ ကချင်တပ်ရဲ့ တပ်ရင်း ၂၇ ဘက်ကို ကြဲသွားတာ။ ပြည်သူလည်း သွားမကြည့်ရဲဘူး၊ ဟိုတုန်နဲ့ ကောင်းခန်ဘက်မှာ ကြဲခံရတယ်ဆိုတာလည်း အတည်ပြုလို့ မရသေးဘူး၊ မနေ့က ညသန်းခေါင် လေယာဉ်လာလို့ လန့်နေတာ”ဟု နမ့်ခမ်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) ည ၈ နာရီခွဲတွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ (၈) ဦး သေဆုံးကာ (၇) ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ဘက်မှ ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပုံစာ – ဩဂုတ်လ ၉ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း လေကြောင်းဗုံးကြဲခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုရင်တစ်ပါးနှင့် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ ပြန်လည်ရရှိရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူနေထူထပ်သည့် မြို့တွင်းနှင့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းကြောင့် (၂)လကျော်အတွင်း စစ်ဘေးရှောင်နှင့် ကလေးငယ် ၁၃ ဦး အပါအဝင် အရပ်သား ၅၆ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၈ ဦး အပါအဝင် ၁၃၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်မှ ဩဂုတ်လ ၁၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အခြားတစ်ဖက်တွင် တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ TNLA ထိန်းချုပ်ထားသော ဒေသများကို ပြန်လည်ပေးအပ်ရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးဖိအားပေးမှုအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးဖြတ်တောက်မှု နည်းလမ်းများဖြင့် ဆက်တိုက်ဖိအားပေးနေပြီး စစ်ကောင်စီအား ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးနေကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်၏ ပူးတွဲကြေညာချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...