Thursday, January 29, 2026

တိုက်ပွဲ

ပန်ဆိုင်း တောတောင်ထဲ ထွက်ပြေးနေရသည့် စစ်ရှောင်များ အခက်ခဲကြုံနေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြိုန့ယ်ခွဲ အတွင်းရှိ ဖောင်ဆိုင်းကျေးရွာအုပ်စု ဖိုကောင်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူများသည် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့နှင့်...

ပန်ဆိုင်းမြို့နယ် ကိုးကန့်တပ်မတော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်း ပန်ဆိုင်းမြို့နယ်တွင် ယနေ့( သြဂုတ် ၆) ရက် နေ့လည် ၁၁နာရီ ခွဲတွင် ကိုးကန့်တပ်မတော် (MNDDA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့တိုက်ပွဲတွင် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်ပြင်းထန်မှုရှိကြောင်း နေအိမ်အပျက်အစီးများရှိကြောင်းသိရဥည်။ ပန်ဆိုင်းမြို့ ဒေသခံအမျိုးသား တဦး ကပြောသည်။ “ တိုက်ပွဲက...

လဲချား မှာ ရွာသစ်ထပ်ထောင်သည့် ကျေးသီးစစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှ စစ်ရှောင်လာသည့် ဒေသခံများ တစ်ချို့ လဲချားမြို့နယ် ဝမ်ထီရွာတွင် ရွာသစ်ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုရွာသစ်ပြန်လည်ထူထောင်သွားရာမှာ လိုအပ်ချက်များစွာ ရှိသည့်အတွက် အလှူရှင်များကိုလည်း မျှော်လင့်နေရကြောင်း သတင်းရရှိသည်။ “ခုတော့ သူတို့နေဖို့အတွက် အကွက်တွေရိုက်ပြီးသွားပြီ။ ခုလောလောဆယ် နေဖို့အတွက် ချုံတွေရှင်းပြီး သန့်ရှင်းရေးတွေ လုပ်နေတယ်။အသစ်ပြန်စမယ်ဆိုတော့ အကုန်လိုအပ်နေတာပေါ့နော်” ဟု လဲချားမြို့မှ...

မိုင်းငေါ့ စစ်ရှောင်ရိုက်ခံရမှု၊ နေအိမ်မီးရှို့ခံရသည့် သတင်းပေးသူ လိုက်လံရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် သတင်းပေးသူဟု ယူဆရသည့် သူကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက အရပ်ဝတ်ဖြင့် လာရောက်ရှာဖွေမှုရှိကြောင်းသိရသည်။ လွန်ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အနေဖြင့် မိုင်းငေါ့ဒေသခံ (၂) ဦး TNLA ဖမ်းဆီးရိုက်နှက်မှုသတင်း၊ ကျောက်မဲမြို့တွင် နေအိမ် (၂) လုံးကို TNLA...

မိုင်းငေါ့ စစ်ရှောင်စခန်းတချို့ သောက်ရေ ခက်ခဲမှုရှိနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင်ရှိသော စစ်ရှောင်စခန်းတွင် အစားအသောက်များအပြင် သောက်ရေများပါ ခက်ခဲမှုရှိနေကြောင်း သိရသည်။ “ခုက မိုးရေကိုပဲ အဓိကထားနေရတယ်၊ သောက်ရေ သုံးရေ အားလုံးမိုးရေတွေပဲ၊ ချောင်းရေရှိပေမယ့် ခုချိန် မိုးရွာတော့ ချောင်းရေတက်ပြီး ရေတွေ မသန့်တော့ဘူး၊ စစ်ဘေးရှောင်တွေလိုပဲ ဒေသခံ တွေလည်း ရေအခက်ခဲရှိနေတယ်”ဟု မိုင်းငေါ့စစ်ရှောင်များကို...

စစ်ရေးပဋိပက္ခကြား မိုင်းစနဲ့အတူသေရွာပြန် တောင်သူဦးလှဖေ

မနက် မိုးမလင်းတလင်း အချိန်မှာ ကျွဲခလောက်သံကိုသာ နားစွင့်ပြီး လမ်းလျှောက်နေတဲ့ ကြား “ အုံး……” ဆိုတဲ့ ပေါက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။ ထို ပေါက်ကွဲသံ ကို ကြားရပေမယ့် ဘယ်နေရာရောက်နေမှန်းမသိတဲ့ အသက် (၅၆ ) အရွယ် ဦးလှဖေ (အမည်ပြောင်း) တယောက်...

ကျောက်မဲ ပုံဝိုးဒေသရောက် စစ်ရှောင် (၁၀၀)ကျော် အကူညီလိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော်ရှိနေပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ သျှမ်းတပ် (၂)တပ်တိုက်ပွဲ မကြာခဏဖြစ်ပွားသည့်အတွက် ဒေခသံများ ထိခိုက်မှာကို စိုးရိမ်သဖြင့် စစ်ရှောင် (၁၀၀)ကျော်ထွက်ပြေးလာကြကြောင်း၊ ထိုစစ်ရှောင်များသည် တာလုံနဲ့ စလောင်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သရသည်။ “သျှမ်းတပ် ၂ တပ်...

သျှမ်းတပ်(၂)တပ် အပစ်ရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေဆဲ ဟု SNLD ပြော

သျှမ်းတပ် (၂) တပ် ဖြစ်ပွားနေသော တိုက်ပွဲ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တပ်မှူးများနှင့် ချိတ်ဆက်ပြီး အပစ်ခတ်ရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေဆဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်( SNLD) က ပြောဆိုလိုက်သည်။ သျှမ်းတပ် (၂)တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင်း စစ်ရေးတင်းမာနေသေးကာ တိုက်ပွဲကြောင့်...

ကျေးသီးတိုက်ပွဲများငြိမ်သော်လည်း မိုင်းကိုင်ဘက်ရောက်စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း မိုင်းကိုင်မြို့နယ်နှင့်လဲချားမြို့နယ်ဘက်သို့ တိမ်းရှောင်ခိုလှုံလာသည့် စစ်ရှောင် (၆၀၀) နီးပါး နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် တို့ဘက်မှ ဒေသခံရွာသားများ လဲချားမြို့နယ်အထိ ရောက်ရှိစစ်ရှောင်ခိုလှုံလာကြခြင်းဖြစ်ပါသည်။ “ဘာကြောင့် သူတို့မပြန်သေးလဲဆိုတာ ကျနော်တို့လည်း...

နမ့်လန်မြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ဝမ်းစိမ်းကျေးရွာ ယနေ့ (ဇူလိုင် ၂၆) မနက် ၅ နာရီ တွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့မနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးသံဖြစ်ပြီး နမ့်လန်မြို့ပတ်ဝန်းကျင်ထိ အသံကြားရကြောင်း နမ့်လန့်မြို့ဒေသခံ အမျိုးသားတဦး ကပြောသည်။ “ လက်နက်ကြီးသံတွေ...

Latest news