Wednesday, January 28, 2026

သျှမ်းတပ်(၂)တပ် တိုက်ပွဲ ရက်သားကလေး အပါအဝင် ဒေသခံ(၃၀၀)ကျော် စစ်ရှောင်ရ

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ ဝမ်ကောင်းနှင့် လွယ်လုံရွာကြားတွင် သျှမ်းတပ် (၂)တပ် သည် ယနေ့ (သြဂုတ် ၁၁)ရက် မနက် (၆)နာရီတွင် တိုက်ပွဲဖြစ်ပွားကာ မွေးကင်းစ ရက်သားကလေး အပါအဝင် ဒေသခံ (၃၀၀) ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နမ့်လန်ဒေသတွင် ယနေ့( သြဂုတ်လ ၁၁)ရက် မနက်ပိုင်း (၆)နာရီ ခန့်က စပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် (၄)ရက်သား အရွယ်ရှိ ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ဝမ်ကောင်းနဲ့ လွယ်လုံရွာကြားမှာ သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်တာပါ၊ ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူး၊ ဒါပေမယ့် ရွာနဲ့နီးတော့ ကြောက်ပြီး ထွက်ပြေးခဲ့ကြတာ” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် လွယ်လုံ၊ ဝမ်ကောင်း၊ ဝမ်ကျောင်းနှင့် ကောင်းကော်ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကောင်းကော်ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြကြောင်း စစ်ရှောင် အမျိုးသားက ပြောသည်။

ထို့အပြင် အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်းသိရသည်။

သျှမ်းတပ် (၂)တပ် အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရပြီး၊ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း တိုက်ပွဲများ ရပ်နားကြရန်လည်း ယနေ့စစ်ရှောင်လာသည့် ပြည်သူများက ပြောဆိုလိုက်သည်။

“တိုက်ပွဲတွေကို ရပ်နားသင့်ပြီ၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ငဲ့ပြီး တိုက်ပွဲဆက်မဖြစ်ဖို့ကို အမြန်ဆုံအဖြေရှာသင့်တယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် သီပေါဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူ (၆၀၀)ဝန်းကျင် ရှိနေကြောင်း သိရသည်။

သျှမ်းတပ်(၂)တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြဿနာ ဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး၊ ထိုတိုက်ပွဲများကြောင်း သျှမ်းပြည်သူများလည်းအလွန်ပင် ဝမ်းနည်းကာ စိုးရိမ်မှုများစွာရှိနေသည်။

တိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရသဖြင့် နောင်နှစ် စားဝတ်နေရေးအတွက်လည်း စိုးရိမ်နေကြကြောင်း သိရသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲ မဖြစ်ရန် သျှမ်းသံဃာတော်များ၊ သျှမ်းပြည်သူများက အကြိမ်ကြိမ်တိုက်တွန်း ပြောဆိုခဲ့သော်လည်း သျှမ်းတပ်(၂)တပ်သည် နားထောင်ခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...