Saturday, May 18, 2024

ကျောက်မဲမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာမှာ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၁၁) ရက် မနက် (၇) နာရီမှ (၁၁) နာရီထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် (SSPP/SSA)၊ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ဖြတ်ကျေးရွာရှိ ဒေသခံ ပြည်သူ နေအိမ်များ၊ ဘုန်းကြီးကျောင်းများလည်း ထိခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံများ ပြောပြချက် အရသိရသည်။

“ RCSS/SSA နဲ့ မြောက်ပိုင်းမဟာပိတ် တိုက်ပွဲဖြစ်တယ်။ နေအိမ်တွေ ဘုန်းကြီးကျောင်းတွေ တော့ ပျက်စီးတယ် ကြားတယ်။ ကျနော်တို့သေချာ မသိရသေးဘူး” ကျောက်မဲဒေသခံ တစ်ဦး ကပြောသည်။

အဆိုပါ သတင်းအချက်အလက် နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ RCSS/SSAနှင့် TNLA ကို ဆက်သွယ်မေးမြန်းသော်လည်း မသိရှိရသေးကြောင်းဖြေကြားသည်။

“ကျနော်တို့ မြေပြင်က အချက်လက်တွေ အသေးစိတ် မသိရသေးဘူး။ တစ်ခါတစ်လေ ဖုန်းလိုင်းမရတာ တွေရှိတယ်။ အဆက်အသွယ် နောက်ကျသွားတာတွေရှိတယ်။” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုနည်းတူ TNLA ပြန်ကြားရေးဌာန မှ ဗိုလ်မှူး မိုင်းအိုက်ကျော် က “ကျနော်တု့ိဆီမှာတော့ ဒီနေ့ တိုက်ပွဲသတင်းဖြစ်တာတော့ မကြားရသေးဘူး”ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ တိုက်ပွဲမကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည်။

ထိုတိုက်ပွဲများကြောင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တွင် စစ်ရှောင် ၁ထောင်နီးပါး ရှိကာ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲနေသေးကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article