လဲချားမြို့နယ် ရောက် စစ်ရှောင် စားဝတ်နေရေး ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီကျေးရွာအတွင်း စစ်ဘေးရှောင် တစ်ချို့ထပ်မံ ရောက်ရှိလာပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် (၂) လခန့်က ဖြစ်ပွားသည့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တိုက်ပွဲ ကြောင့် မိုင်းနန်း ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ ဝါတွင်း ကာလဖြစ်သဖြင့် ဘုန်းကြီးကျောင်းတွင် နေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ ထို့ကြောင့် လဲချားမြို့ပေါ် ထပ်မံရှောင်လာရ ကြောင်း သိရသည်။

“ သူတို့ပြေးတာ အခုမှ ပြေးတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁ လ ၂ လ လောက်ကတည်းက ထွက်ပြေးကြတာ။ တစ်ချို့လည်း ခုချိန်ထိ အိမ်မပြန်နိုင်သေးဘူးပေါ့နော်။ ပြန်ရင်လည်း လုံခြုံမှု မရှိဘူးလို့ သူတို့ ထင်တယ်။ ဒါကြောင့် ဝမ်ထီမှာ နေဖို့ဆုံးဖြတ်လိုက်တယ်။ အခြေအနေကောင်းရင်တော့ ပြန်မယ်။ ” ဟု သွားရောက်ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

လက်ရှိ ဝမ်ထီကျေးရွာ အတွင်း ရောက်ရှိနေသည့် စစ်ရှောင် (၆၀)ကျော် အတွက် ကျေးရွာ မှ နေထိုင်စရာပေးသွားမည်ဖြစ်ကြောင်း လက်ရှိမှာ စာသင်ကျောင်း အဟောင်းတွင်သာနေထိုင်ရပြီး အစားအသောက်၊ အနေအထိုင်း ခက်ခဲနေကြောင်း သိရသည်။

“သူတို့ခုနေထိုင်တာက စာသင်ကျောင်းအဟောင်းမှာနေတယ်။ အမိုးတွေလည်း မကောင်းတော့ဘူး။ တစ်ချို့ကလည်း ထော်လဂျီပေါ် အိပ်ကြတာ။ အနေအထိုင်တွေ အခက်ခဲဖြစ်နေတယ်” ဟု သွားရောက်ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် သျှမ်းတပ် (၂)တပ် သည် လွိုင်ဟွန်းတောင်ကြောတလျောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုအနီးဝန်းကျင်နေထိုင်သည့် ပြည်သူများသည် ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

လဲချားမြို့နယ် ဝမ်ထီကျေးရွာမှာ ရွာသစ်လာရောက်ထူထောင်သည့် (ဝမ်မိုင်တင်းလီ) ရွာသစ် နှင့် ယခု လက်ရှိ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များသည် ဝမ်ထီကျေးရွာ ဒေသခံ များနှင့် အတူ နေထိုင်သွားမည့် ရှိကြောင်းသိရှိရသည်။

လွိုင်ဟွမ်းတိုက်ပွဲကို အကြောင်းပြုပြီး သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ် (၁၁) ရက်နေ့တွင်လည်း သီပေါမြို့နယ် နမ့်လမ်ဒေသအနီးရှိ ဝမ်ကောင်းနှင့် လွယ်လုံရွာကြားမှာ သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...