တိုက်ပွဲ
လဲချားမြို့နယ် ရောက် စစ်ရှောင် စားဝတ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီကျေးရွာအတွင်း စစ်ဘေးရှောင် တစ်ချို့ထပ်မံ ရောက်ရှိလာပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် (၂) လခန့်က ဖြစ်ပွားသည့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တိုက်ပွဲ ကြောင့် မိုင်းနန်း ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ...
သျှမ်းတပ်(၂)တပ် တိုက်ပွဲ ရက်သားကလေး အပါအဝင် ဒေသခံ(၃၀၀)ကျော် စစ်ရှောင်ရ
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ ဝမ်ကောင်းနှင့် လွယ်လုံရွာကြားတွင် သျှမ်းတပ် (၂)တပ် သည် ယနေ့ (သြဂုတ် ၁၁)ရက် မနက် (၆)နာရီတွင် တိုက်ပွဲဖြစ်ပွားကာ မွေးကင်းစ ရက်သားကလေး အပါအဝင် ဒေသခံ (၃၀၀) ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ နမ့်လန်ဒေသတွင် ယနေ့( သြဂုတ်လ ၁၁)ရက်...
ကျောက်မဲမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာမှာ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၁၁) ရက် မနက် (၇) နာရီမှ (၁၁) နာရီထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်...
ကျောက်မဲ စစ်ရှောင်များ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေး
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှာင်များ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း စစ်ရှောင် (၅၀၀)ကျော်ရှိပြီး ထိုစစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင် လာသည့် သူများဖြစ်သည်။ လက်ရှိမှာ ကျောက်မဲမြို့ ပေါ် နှင့် မိုင်းငေါ့မြို့အနီးပတ်ဝန်းကျင် ရှိ စစ်ရှောင်စခန်းတွင်နေထိုင်ကြပြီး၊ စစ်ရှောင်များကို...
သျှမ်းပြည်တောင်ပိုင်း SSSG- PDF နှင့် အိမ်စောင့်တပ် တိုက်ပွဲ သတင်းအပေါ် PDF စိုးရိမ်
SHAN -
သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း SSSG – PDF နှင့် အိမ်စောင့်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း SSSG-PDF ၏ FB Page တွင်း သတင်းထုတ်မှုအပေါ် စစ်မှန်သည့် လူထု ကာကွယ်ရေးတပ် PDF အတွက် ထိခိုက်သည်ဟု ပြောပါသည်။ သြဂုတ်လ...
သီပေါမြို့နယ် စစ်ရှောင်နှင့်ဒေသခံ (၇၀၀) ခန့် စားနပ်ရိက္ခာ၊ ဆေးဝါး ခက်ခဲနေ
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံများနှင့် စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် ဆေးဝါးခက်ခဲနေကြောင်းစုံးစမ်းသိရသည်။ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း မတ်လပိုင်းတွင် ရောက်ရှိလာသည့် စစ်ရှောင် (၃၀၀)ဝန်းကျင်နှင့် ကျေးရွာ ဒေသခံ (၄၀၀)ကျော်တို့သည် လက်ရှိမှာ စားနပ်ရိက္ခာ နှင့် ဆေးဝါးများခက်ခဲနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “စစ်ရှောင်နဲ့...
သျှမ်းပြည်မြောက်ပိုင်း သျှမ်းတပ် (၂) တပ် စစ်သားစုဆောင်းမှု အပြိုင်အဆိုင်ပြုလုပ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ယခုရက်ပိုင်း သျှမ်းစစ်တပ် (၂) သည် ကျေးရွာအတွင်း တပ်သားသစ်များ အပြိုင်အဆိုင် ကောက်ယူနေကြောင်း မြေပြင် သတင်းအရ စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်လာပြီးနောက် သျှမ်းစစ်တပ် (၂) တပ်က လူသစ်စုဆောင်မှုများ အပြိုင်အဆိုင် ကောက်လာသည့်အတွက် ဒေသခံပြည်သူများစိုးရိမ်နေကြပြီး၊ ကြောက်ရွံ့ထွက်ပြေးနေရသည် ဟု...
ကျောက်မဲမြို့ပေါ်ရောက် စစ်ရှောင် (၂၆၀) ကျော် အကူအညီလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ပေါ် တလနီးပါး ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂၆၀)ကျော်အတွက် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ထို စစ်ဘေးရှောင် (၂၆၀)ကျော်သည် ပြီးခဲ့သည့် ဇူလိုင်လ တွင် ကျောက်မဲမြိုု့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြပြီး၊ လက်ရှိမှာ ဆွေမျိုးအိမ်တွင် နေထိုင်ကြကြောင်း သတင်းရရှိသည်။ “...
နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ် စစ်ကောင်စီ တစ်ဦး ကျဆုံး၊ အရပ်သားတစ်ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က တပ်သား တစ်ဦးကျဆုံးပြီး ဒေသခံ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၈) ရက် မနက် ၄ နာရီကျော်က နမ့်ခမ်းမြို့နယ်...
အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...





