သီပေါ နမ့်လန်ဒေသရှိ စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၁)ရက်နေ့က သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်ကောင်းနှင့် လွယ်လုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ကုန်းကော်ဘုန်းကြီးကျောင်းနှင့် အနီးနားတွင် လာရောက်ခိုလှုံနေရပြီး သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေတာဖြစ်ကြောင်း သိရသည်။

“သောက်ရေက အဝီစိတွင်း ကိုပဲ အားကိုးနေရတယ်၊ ကျောင်းက သံဃာတွေအပြင် စစ်ဘေးရှောင်တွေလည်း များတော့ သောက်သုံးရေလည်း မလောက်တော့ဘူး၊ နောက်ပြီး စားနပ်ရိက္ခာလည်း ခက်ခဲနေတယ်” ဟု ကုန်းကော်ကျောင်းတိုက်မှ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ကုန်းကော်ကျောင်းတွင် ရောက်ရှိနေသည့် စစ်ရှောင်များမှာ ဝမ်ကုန်းရွာနှင့် မန်ကျောင်းရွာမှ ဒေသခံများဖြစ်ပြီး ကျောင်းအနီး နေထိုင်သူများအပါအဝင် လူဦးရေ(၅၀၀)ခန့်ရှိကြောင်း၊ ထို့အပြင် ကျောင်းတိုက်ရှိ သံဃာ (၆၀)ကျော်မှာလည်း ဆွမ်းအခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ ကြားသိရသည်။

“သံဃာတော်တွေအတွက် အရင်ကတော့ ရွာထဲမှာ ဆွမ်းချိုင့်ဆွဲပြီး ကပ်လှူနေကြတာ၊ ခုက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတော့ သံဃာတွေအတွက်လည်း ဆွမ်းအခက်အခဲ ဖြစ်သွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ထိုဒေသရှိ နောင်ပိန်နှင့် ဝမ်ကျောင်းဒေသခံတချို့သည် ချောင်းအရှေ့ဘက်ရှိ ဖက်ဟီ့ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း (၃၀)ကျော်ခန့် ရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်း တိုက်ပွဲသံ ငြိမ်သွားသော်လည်း လက်နက်ကိုင်တပ်များက ရွာတွင်းမှာ ရှိနေသေးသည့်အတွက် နေအိမ်သို့ မပြန်ရဲသေးတာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းမြောက် သီပေါမြို့နယ်တွင် သျှမ်းတပ် (၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး နေရပ်ကို မပြန်နိုင်သေးသည့် ဒေသခံ (၈၀၀)ဝန်းကျင် ရှိနေကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ကြရန် ဒေသခံများမှ မျှော်လင့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...