ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန်

သျှမ်းမြောက် မူဆယ်မြိုု့နယ် ပန်ဆိုင်းမြို့ ပေါ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့သည် ယနေ့ (သြဂုတ် ၂၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် MNDAA တို့သည် ပန်ဆိုင်းမြို့ ရှိ ရဲစခန်း အနီးတဝှိက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပန်ဆိုင်းဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့ ရဲ့ ဘုရားကျောင်းထဲ လက်နက်ကြီးကျတယ်။ ရေပူ၊ရေအေး စက် (၃)လုံး ထိပြီး ပျက်သွားတယ်။ တိုက်ပွဲက (၁၅)မိနစ်ပဲဖြစ်တယ်။ ကျမတို့ အခု ဘယ်မှ မသွားရဲဘူး။ အိမ်ထဲမှာပဲနေနေရတယ်” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ ပေါ်ရှိ နေအိမ်များ ထိခိုက်မှုများပြားသော်လည်း အသေးစိတ် အချက်အလက်ကို မရရှိသေးကြောင်း၊ မည်သည့် တစ်ဦးတယောက်မှ နေအိမ်အပြင်သို့မထွက်ရဲကြောင်း လည်း အထက်ပါ အမျိုးသမီးက ပြောသည်။

ပန်ဆိုင်းမြို့ အနီးတဝှိက်တွင် စစ်ကောင်စီ နှင့် MNDAAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်မှာ ၃ရက်ခန့်ရှိလာပြီဖြစ်ပြီး၊ နေ့စဉ်နှင့်အမျှ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရကြောင်း၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသဖြင့် ပန်ဆိုင်းမြို့ ပြည်သူများနေအိမ်မှ အပြင်မသွားရဲကြောင်း သိရသည်။

“ တိုက်ပွဲက ၃ရက်လောက်ရှိပြီးဖြစ်နေတာ။ ပြည်သူတွေကလည်း ဘယ်မှ မသွားရဲကြဘူး။ ကြောက်နေကြတယ်။ မြို့ပေါ်ထိ တက်ဖြစ်တာတော့ မကောင်းဘူး။ ဖြစ်ရင်တခြားနေရာမှာ ဖြစ်စေချင်တယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့နယ် အတွင်း MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်လာသဖြင့် လက်ရှိမှာ ပန်ဆိုင်းမြို့နယ် တရုတ်နယ်စပ်မျဉ်းပေါ်တွင် စစ်ရှောင် (၁၄၀၀) ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...