ကျောက်မဲမြို့နယ် စစ်ရှောင် (၁၅၀၀)ကျော်ထိ ရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လ (၁၇)ရက် ယမန်နေ့အထိ စစ်ဘေးရှောင်နေရသူ (၁၅၀၀)ကျော်ထိ ရှိလာကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ နယ်မြေထိန်းချုပ်ရေးကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများလည်း ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်ရှောင်ထွက်ပြေးလာတဲ့သူတွေ ခုထိ နေရပ်မပြန်နိုင်သေးဘူး၊ ခုရက်ပိုင်း တိုက်ပွဲက ပြင်းထန်လာတော့ တစ်ရွာလုံးနီးပါးကို ထွက်ပြေးလာရတာတွေ ရှိနေတယ်”ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့ရှိ စစ်ရှောင်စခန်းတချို့နှင့် ကျောက်မဲမြို့ပေါ်တို့တွင် (၅)လကျော်ကြာပြီဖြစ်သည့် တော့ဆန်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်များလည်း ကျန်ရှိနေသေးပြီး တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် နေရပ်သို့ မပြန်နိုင်သေးတာဖြစ်ကြောင်း အဆိုပါ စစ်ရှောင်များက ပြောသည်။

“တိုက်ပွဲကြောင့် ထွက်ပြေးလာရတာ (၅)လကျော် ရှိနေပြီ၊ နေရပ်ပြန်ချင်ပေမယ့် မပြန်ရဲသေးဘူး၊ လက်နက်ကိုင်တပ်တွေက စစ်ရေးတင်းမာနေဆဲဖြစ်လို့ မပြန်နိုင်သေးတာ” ဟု မိုင်းငေါ့ စစ်ရှောင်စခန်းမှ စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ ယမန်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်တွင် စစ်ရှောင်ရောက်ရှိလာသူ (၆၀၀)ကျော်ရှိပြီး၊ ကျောက်မဲမြို့အနီး မိုင်းတင်းကျေးရွာအုပ်စု မိုင်းတင်းနှင့် နမ့်ဆော့ စာသင်ကျောင်းတို့တွင် (၂၀၀)ခန့်၊ ကြူရှော(မြောက်ရွာ)ရွာဦးကျောင်းတွင် (၁၀၂)ဦး၊ ဟူးဆွန်ရွာဘုန်းကြီးကျောင်းတွင် (၁၈၀)ကျော်၊ မိုင်းငေါ့မြို့နယ်ခွဲရှိ စစ်ရှောင်စခန်းများတွင် (၄၇၀)ဦး ရှိနေသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှု အမြန်ဆုံး အဆုံးသတ်ရန် ဒေသခံများမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲရှောင်များ ထပ်တိုးလာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်လည်း သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၅၀၀)ကျော် ရှိနေသေးပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...