RCSS နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြား အရပ်သားနေအိမ်(၂)လုံး လက်နက်ကြီးထိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာ အနီးတဝှိက် တိုက်ပွဲဖြစ်ပွားပြီး နေအိမ် (၂) အိမ် လက်နက်ကြီးထိသွားကြောင်း စုံစမ်းသိရသည်။

RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် သြဂုတ် (၁၁)ရက် မှ စတင်ကာ ယနေ့ထိ တိုက်ပွဲပြင်းထန်ပြီး ပန်ကွမ် ကျေးရွာ အနီးတဝှိက် တွင် နေအိမ် နေအိမ် (၂) အိမ်လက်နက်ကြီး ထိမှန်သွားခဲ့ပြီး ယမန်နေ့ (သြဂုတ် ၁၇)ရက်တွင် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပန်ကွမ်ရွာဟောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သြဂုတ် (၁၁)ရက် မှာ တအိမ်ထိတယ်။ သြဂုတ် (၁၆)မှာ တအိမ်ထိတယ်။ အဲ့ချိန်တုန်းကတော့ လူတွေ မရှိဘူး။ အားလုံးက စစ်ရှောင်နေကြတာ။ မနေ့ (သြဂုတ် ၁၇)ရက် မှာတော့ အရပ်သားတယောက် ကျည်ထိ တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ကျည်ထိသည့်အိမ်သည် တလုံး မှာ ရွာလယ်ခေါင်တွင်ရှိပြီး၊ တလုံးမှာ ရွာထိပ်တွင်ရှိကြောင်း သိရသည်။

ယနေ့ (သြဂုတ် ၁၈)ရက်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ သေးကြောင်း သိရသည်။

“ ဒီနေ့ မနက်လည်း တိုက်ပွဲသံ ကြားရတယ်။ မိုးရွာအရမ်းရွာလို့ထင်တယ်။တိုက်ပွဲ သိပ်မပြင်းထန်ဘူး” ဟု ပန်ကွမ် ရွာဟောင်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သြဂုတ် (၁၁) ရက်နေ့က ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲကြောင့်လည်း ပန်ကွမ်ရွာသစ် က ဒေသခံတွေ ကျောက်မဲဘက် ပြေးသွားတယ်လို့တော့ ကြားတယ်။ ကျနော်တို့ရွာတော့ မပြေးဘူး။” ဟု ပန်ကွမ်ရွာဟောင်း ဒေသခံ တစ်ဦးကပြောသည်။
ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်း (၃) ခုဖြစ်သော နမ့်ဆော့ကျေးရွာ ၊ မိုင်းတင်းကျေးရွာ နှင့် ကြူရှောကျေးရွာ ဘုန်းကြီးကျောင်းမှာရှိသည့် စစ်ရှောင် (၄၀၀) ကျော်သည် စားနပ်ရိကာနှင့် အမျိုးသမီးသုံးပစည်များ ထီးနှင့် မိုးကာများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိကာနှင့် အသုံးဆောင်းပစည်းများ လိုအပ်နေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...