နမ္မတူမြို့နယ် နေအိမ်တချို့ TNLA တပ်သားများ ဝင်ရောက်နေထိုင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု ထဲတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ပြည်သူနေအိမ်တွင် ဝင်ရောက်နေထိုင်နေကြကြောင်း စုံစမ်းသိရသည်။

TNLA တပ်သားများသည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲတွင် (၂) လကျော် နေထိုင်သဖြင့် ပြည်သူများစိတ်လုံခြုံမှုမရှိကြောင်း၊ ထို့ပြင် အိမ်တွင်းရှိ မီးဖိုချောင်ပစ္စည်းများကိုလည်း စည်းကမ်းမဲ့ယူသုံးစွဲနေကြောင်း ပန်လုံ ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့နေလာတာကြာပြီး။ အရင်က နမ္မတူတိုက်ပွဲပြီးကတည်းက သူတို့ဒီနေရာမှာလာနေတာ။ စခန်းလာချတာ။ ကျနော်တို့အိမ်မှာဆို ၇ ယောက်လောက်ရှိတယ်။ သူတို့ဆန်၊ဆီ၊ဆားတွေ အကုန်ယူသုံးတယ်။ ပြီးတော့ အိပ်ယာဆိုလဲ ကျနော်အိပ်ယာမှာလာအိပ်တာ။ သူတို့က အိမ်ရှင်လာလုပ်နေတာ” ဟု ပန်လုံးကျေးရွာဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအပြင်လွန်ခဲ့သည် ဩဂုတ် ၇ ရက်နေ့တွင်လည်း တအောင်း (TNLA) တပ်သားများက ဒေသခံ တစ်ဦး ၏ ကားကိုငှားရာတွင် ဒေသခံ က မပေးသဖြင့် နေအိမ်တံခါးကို ဖျတ်ဆီးခဲ့သေးကြောင်း သိရသည်။

“ သူတို့က ဒီရွာကဦးလေးတယောက်ရဲ့ ကားကိုငှားတာ။ ဦးလေးက သွားပို့ပေးမယ်ပြောတာကိုသူတို့က မကြိုက်လို့ထင်တယ်။ အဲဦးလေးအိမ်တံခါးကို သွားဖြတ်လိုက်တာ” ဟု ဒေသခံတဦးက ပြောသည်။

တအောင်း (TNLA) တပ်သားတို့သည် ကျေးရွာတွင် လာရောက်နေထိုင်ရခြင်းသည် ပန်လုံကျေးရွာဒေသခံများ က သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ကို သတင်းပေးမည် ကို စိုးရိမ်ကျေးရွာတွင် လာရောက်နေထိုင်နေလျက်ရှိကြောင်း သိရသည်။

“ သူတို့က သျှမ်းအိမ်တွေမှာပဲလိုက်နေတာ။ တရုတ်အိမ်တွေ။ ပလောင်း(တအောင်း) အိမ်တွေတော့ မနေကြဘူး။ ကျနော်တို့ ဒီဖက်က RCSS ကို သတင်းပေးမှာကြောက်လို့ လာနေထားကြတာ” ဟု နေရာနှင့် အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရင် ဗိုလ်မှူး မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

TNLA တပ်သားများ ပန်လုံကျေးရွာတွင်းထဲ လာရောက်နေထိုင်မှုကို အမြန်ဆုံးထွက်ခွာသွားပေးရန်အတွက် ဒေသခံများက တောင်းဆိုလိုက်သည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတဝှိက် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...