Wednesday, December 6, 2023

တာချီလိတ်မြို့

လင်မယားရန်ဖြစ်ရာမှ အမျိုးသမီးက ပြန်ခုခံတိုက်ခိုက်သဖြင့် အမျိုးသားသေဆုံး

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ ရာဘာခြံတစ်ခုထဲတွင် လင်မယား ၂ ဦး စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ၎င်း၏ခင်ပွန်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာဘ ၁၅ ရက် ည ၈ ဝန်းကျင်တွင် ဖန်မင်ကျေးရွာအုပ်စုရှိ ရာဘာခြံတစ်ခုထဲ၌ လင်မယား ၂ ဦးသည်...

တာချီလိတ်မြို့ သားအဖနှစ်ဦး ကား နဲ့ တိုက်မိ၊ ကလေးပွဲချင်းပြီး သေဆုံး

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင် သားအဖနှစ်ဦး ဈေးသွားရောင်းပြီး အပြန်လမ်းမှာ ကားတစ်စီးနှင့်တိုက်မိပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင်...

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ အုပ်စုဖွဲ့ သူခိုးသောင်းကြမ်းနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူနေကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး နှင့် နှစ်ယောက်စီး အုပ်စုဖွဲ့က ပြည်သူတချို့ ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းခြင်း၊ ဆိုင်ခန်းရှေ့ ရပ်ထားသည့် ကား၊ ဆိုင်ကယ်များ၏ ဘက်ထရီများကို...

တာချီလိတ်မြို့ ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဝိုင်းများပြုလုပ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဝါတွင်းကာလအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်ပြီး ညတိုင်းခိုက်ရန်ဖြစ်ပွားကာ ဆူညံနေကြောင်း စုံစမ်းသိရသည်။ . လောင်းကစားဝိုင်းများကို စက်တင်ဘာလ ၅ ရက်မှစ၍ တစ်လကြာ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ ကျောင်းဂေါပက အဖွဲ့ဝင်နှင့် ပွဲကန်ထရိုက်တို့အကြား နှစ်ဖက်သဘောတူညီမှုရပြီး ည ၇...

တာချီလိတ်မြို့တွင်း အမျိုးသမီး နှင့် ကလေးငယ်ကို အမည်မသိ လူတစုက ပြန်ပေးဆွဲရန် ကြိုးစား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေအိမ်ထဲနေထိုင်သည့် အမျိုးသမီးနှင့် ကလေးငယ်ကို အမည်မသိလူတစုက လက်နက်ကိုင်ဆောင်လာပြီး ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးထဲကို ကားတစီး နှင့်...

တာချီလိတ်မြို့ အိမ်ခြေမဲ့ နေထိုင်သူ ၃ ဦး မတော်တဆ ကားတိုက်ခံရပြီး ၂ ဦးသေဆုံး

သျှမ်းပြည် တာချီလိတ်မြို့ အထွက်ရှိ ဗျူဟာကုန်း လမ်းအဆင်း လမ်းဘေးတွင် အိမ်ခြေမဲ့နေထိုင်သူ ၃ ဦး ထိုင်နေစဉ် ကားတစ်စီးမှ မတော်တဆ ဝင်တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၁၀ နာရီဝန်းကျင်တွင် တာချီလိတ်မြို့...

တာချီလိတ်မြို့ စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်မောင်းလွတ် ကျောင်းသားတစ်ဦးထိမှန်

သျှမ်းပြည် တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်သား၏ သေနတ်ကို ကျောင်းသားတစ်ဦးကို ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကျောင်းသား၏ ခြေထောက်ကျည်ထိမှန်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂) ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း...

တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်းမြောက်များစွာ မူးယစ်ဆေးဝါးဖမ်းဆီးမိ

သျှမ်းပြည် တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း မြောက်များစွာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက် ၁ နာရီခွဲတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ (အတွင်း) ရှိ ငှားရမ်းနေအိမ်၌ သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စိတ်ပြောင်းဆေးဝါး...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုပြန်အသုံးပြုနေ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူမှုမရှိ

သျှမ်းပြည် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာထဲ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုမှုရှိနေပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင်ထားသော်လည်း အရေးယူမှုမရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထုံးဖိုစက်ရုံသည် ၂၄ နာရီ လည်ပတ်နေပြီး ၎င်းမှ ထွက်လာသည့် အနံ့သက်ဆိုးများကို ဒေသခံများက ခံစားနေရသည်။ “ထုံးဖိုကတော့ နေ့တိုင်း လုပ်နေတာပဲ။ တစ်ရက်မှလည်း...

တာချီလိတ် ရာဘာခြံတစ်ခြံ မီးလောင်မှုဖြစ် ဒေသခံများ စိုးရိမ်

မြန်မာ - ထိုင်း နယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ရှိ ရာဘာခြံတစ်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်များ မီးကူးစက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ ဧပြီ (၁၉) ရက် ည (၇) နာရီခွဲကျော်က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ရွာအနီး ရာဘာတောတစ်ခုမှာ...

Latest news