တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။

မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ရန်ပုံငွေဖြင့် ဆောင်လုပ်ထားသည့် သျှမ်းပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်း အဆောက်အအုံကို ကွင်းဆင်းလေ့လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့ (မေလ ၂၇ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai နှင့် စစ်ကောင်စီတို့က ကင်းလှည့်ရေး ယန္တရားကို အသုံးပြုပြီး နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးနှင့် အွန်လိုင်းငွေလိမ် လောင်းကစားပြစ်မှု ကျူးလွန်ခြင်းများကိုလည်း ပူးတွဲတိုက်ဖျက်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တရုတ်သံအမတ်ကြီး အဖွဲ့တို့သည် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် ရေပေါ်ကင်းလှည့်ယာဉ်ဖြင့် ထိုင်း-မြန်မာ-လာအို နယ်စပ် ရွှေတြိဂံရေပြင်သို့ သွားရောက်ကာ လေးနိုင်ငံ ပူးပေါင်းကင်းလှည့်မှု အခြေအနေကို ကွင်းဆင်းလေ့လာပြီး တရုတ်နိုင်ငံဘက်မှ အခြေစိုက်သည့် ရဲတပ်ဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း ၄ နိုင်ငံတို့က မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်ပြီး လေးနိုင်ငံ ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။

ထိုစဉ်က မဲခေါင်မြစ်ကြောင်းတွင် ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲမှု၊ တရားမဝင် ခိုးဝင်မှုနှင့် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် ငွေညှစ်မှု စသည့် ပြစ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ မဲခေါင်မြစ်အတွင်း လေးနိုင်ငံ ပူးတွဲကင်းလှည့် လှုပ်ရှားမှုအဖြစ် အကြိမ် ၂၀၀ ကျော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...