တာချီလိတ်မြို့ ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တာချီလိတ်မြို့၌ ကားတစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားအတွင်း ရှိနေသည့် အမျိုးသား တစ်ဦးမှ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်၌ တာချီလိတ်မြို့ ဝန်းကျာက်ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၊ ရွှေလင်းယုန် ဂေါက်ဂွင်းအနီး၌ ကားတစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားကနေ ပေါက်ကွဲမှုဖြစ်တာလို့ပဲ သိရတယ်။ ဘယ်လိုကြောင့် ပေါက်ကွဲမှု ဖြစ်စေလဲဆိုတာကိုတော့ မသိရသေးဘူး။ တာဝန်ရှိသူတွေကတော့ စုံစမ်း စစ်ဆေးနေတုန်းပဲလို့ ပြောတယ်။ ကားထဲမှာ ယာဥ်မောင်း တစ်ယောက်ပဲပါတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် (၄၀) ဝန်းကျင် အမျိုးသား၏ ဝမ်းဗိုက်၊ မျက်နှာ၊ လက်မောင်း နှင့် ဆီးခုံတို့၌ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း လည်း သိရသည်။
ယင်းပေါက်ကွဲနှင့်ပတ်သက်ပြီး စီးပွားရေး ပြဿနာကြောင့် လုပ်ကြံခံရမှု ဖြစ်နိုင်ကြောင်းလည်း အထက်ပါ ဒေသခံက ပြောဆိုသုံးသပ်ထားသည်။

“ထင်သလောက်တော့ စီးပွားရေး ပြဿနာ တစ်ခုခု ရှိလို့ လုပ်ကြံခံရတာ ဖြစ်နိုင်တယ်။ သူ့ကားပေါ် တက်ပြီး စက်နိုးတာနဲ့ ပေါက်ကွဲမှုဖြစ်တာလို့ ပတ်ဝန်းကျင်မှာ နေတဲ့သူတွေကပြောတယ်။” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်သည့် အလျှောက် လူဝင် လူထွက် များပြားနေလျက်ရှိပြီး တရားမဝင်လုပ်ငန်းများ၊ လောင်းကစားဝိုင်းများပေါများလျက်ရှိပြီး ပစ်ခတ်သတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ညအချိန် အပြင်ထွက် သွားလာခြင်းများ နည်းပါးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...