တာချီလိတ်မြို့ ဖမ်းခံရတဲ့ အွန်လိုင်းလောင်းကစားလုပ်သူ ၄၀၀ ကျော် အာမခံဖြင့် ပြန်လွှတ်မည်

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်သား ဦးရေ(၄၀၀) ကျော်ကို အာမခံဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်က တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးတွင် စစ်ကောင်စီ၏ ဝင်ရောက်စီးနင်း မှုကြောင့် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေ (၅၄၀) အနက် ဦးရေ (၄၀၀) ကျော်ကို အာမခံလူ ၂ ဦးဖြင့် ယနေ့ မတ်လ ၁၈ ရက်မှစ၍ ပြန်လွတ်ပေးမည်ဖြစ်ကြောင်း တာချီလိတ်မြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ အွန်လိုင်းလောင်ကစား မြန်မာလက်ကျန် ၄၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်ပြောတယ်။ မနေ့ကတည်းက ထောက်ခံစာတွေ ယူနေကြတယ်။ ရပ်ကွက်ထောက်ခံစာတွေကော ယူရတယ်။ အာမခံ လူ ၂ ယောက် လက်မှတ် ထိုးရတယ်။ အိမ်ပိုင်ရှိတဲ့လူဖြစ်ရမယ် ” ဟု ၎င်းကပြောသည်။

ပြန်လည်လွတ်ပေးမည့် မြန်နိုင်ငံသား ၄၀၀ ကျော်ကို တစ်ရက်တည်းတွင် ပြန်လွှတ်ပေးမည်မဟုတ်ဘဲ တရားရုံးထုတ်သည့် အချိန်နှင့် ရုံးတွင်းဆန့်သလောက် ဦးရေကိုသာ ယနေ့ (မတ်လ ၁၈) ရက်တွင် ပြန်လွတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြန်လွတ်မည့်သူများအနေဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဟု သိရှိရသော်လည်း အသေးစိတ်ကို မသိရသေးပေ။

“အခုပြန်လွတ်ပေးတာက လူများတာရယ်၊ စဖမ်းကတည်းက တရုတ်အွန်လိုင်းကို အဓိကပစ်မှတ်ထား ဖမ်းတာပါမယ်။ အဲ့ကြောင့် ပြန်လွှတ်ပေးတာ” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မတ်လ ၈ ရက်တွင်လည်း အသက် ၁၈ နှစ်မပြည့်သေးသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်သား ၁၂၀ ခန့်ကို တရားရုံးထုတ်ပြီး ပထမတစ်သုတ်အနေဖြင့် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက် ကျဆင်း လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးခြင်းကြောင့် လူငယ်များသည် ရရာ အလုပ်လမ်းကြောင်း များကို ရှာဖွေရာ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာများ၌ လိမ်လည်ခံရခြင်း၊ ရောင်းစားခံရခြင်းများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကြောင့် သျှမ်းပြည်တွင် ခိုးဆိုးလုယက်မှုများ မြင့်တက်

0
သျှမ်းပြည်အတွင်း အလုပ်အကိုင်မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အွန်လိုင်း လောင်းကစား ဂိမ်းများ ပျံ့နှံ့လာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှု ကျူးလွန်သူအများစုသည် အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းများဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများကြောင့် ငွေကြေး လိုအပ်ရာမှ ပြစ်မှုကျူးလွန်မှု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...