Tuesday, January 27, 2026

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ ရေလွှတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်း အမည်မဖော်လို သည့် တာချီလိတ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ရေကြီးပြီးနောက်ပိုင်း ငှားခ စျေးကျသွားတယ်၊ စျေးက ၄ ပုံပုံရင် ၁ပုံပဲရှိတော့တာပေါ့၊ အရင်က တလ ကို ဘတ် ၄ သောင်း ၅သောင်း (မြန်မာငွေကာလပေါက်စျေး ကျပ်သိန်း ၅၀ -၆၅) ပေးရတာကို ခုက ၈ထောင် ၁ သောင်း (မြန်မာငွေ ကာလပေါက်စျေး ကျပ်ငွေ ၁၀သိန်း – ၁၅သိန်း) လောက်ကျသွားတာ၊ ဘယ်သူမှလည်း လုပ်မစားချင်တော့ဘူးလေ၊ ပြန်ပြင်၊ ပြန်ဆင်၊ ပစ္စည်းတွေလည်း ဆုံးရှုံး၊ အဲ့စျေးမှာ ရောင်းနေကျလူတွေလည်း သူတို့အိမ်တွေမှာပဲရောင်းကျတော့တာ၊ အိမ်က ဂျောင်ကျပေမယ့် ဆိုင်ခန်းငှားပြီး မရောင်းတော့ဘူး” ဟုပြောသည်။

တာလော့စျေးသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်။ ပြန်လည် ထူထောင်ရေး ပြီးခါစ ယခုနှစ် ဧပြီတွင် ရေကြီးမှုထပ်မံ ကြုံတွေ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ ထိရောက်သည့် ကူညီ ဖြေရှင်းမှု မရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

တာချီလိတ်မြို့တွင်း ၂၀၂၅ ခုနစ် ဧပြီလနှောင်းပိုင်း ရေကြီးသည့် မြင်ကွင်း

“ကူညီဖြေရှင်းမှုမှာ အားနည်းတယ်၊ ထုံးစံအတိုင်းပဲ ဟန်ပြလောက်ပဲလုပ်တာ၊ သဘာဝ‌ဘေးနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားတာလဲမရှိဘူး၊ ဖြစ်လာပြီးရင် သူတို့မှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့အဖြေလည်းမရှိဘူး၊ ရေကြီးတဲ့ချိန်မှပဲ စက်လှေတွေ လိုက်ရှာတယ်… အဲ့ဒီတော့ အစိုးကမကြည့်တော့ ပြည်သူတွေကပဲ သန်မာအောင် နေရတာပေါ့” – ဟု ပြောသည်။

ရေကြီးရေလျှံဖြစ်ပေါ်သည့် နမ့်ဆိုင်ချောင်းတွင် မြန်မာအာဏာပိုင်မှ ရေကာသည့်တံတိုင်း ဆောက်လုပ်နေ သော်လည်း ထိရောက်သည့်ဖြေရှင်းမှုမဟုတ်ကြောင်း မယ်ဆိုင်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုက တံတားနားမှာပဲဆောက်ထားသေးတာ၊ ရေက အဲ့နားကနေပဲဝင်တာမဟုတ်ဘူးလေ၊ ပုန်းထွန်တို့၊ ဆန်ဆိုင်း တို့ကနေလဲရေတွေဝင်လာတာပဲ၊ အကုန်ဆောက်ပြီးရင်တောင် ရေဝင်ပြီး ရေထပ်ကြီးမှာပဲ၊ မြစ်အထက်ပိုင်းမှာ ရွှေတူးလို့ နုန်းမြေတွေပါလာတာ၊ အဓိက ဖြစ်တဲ့နေရာကို ဖြေရှင်းမှရမှာပေါ့၊ ခုက တာချီလိတ်ဘက်ပဲ မဟုတ်ဘူး၊ ထိုင်း မယ်ဆိုင်ဖက်လဲ ခံနေရတယ်” – ဟု အဆိုပါ အမျိုးသားက ပြောသည်။

၂၀၂၄ စက်တင်ဘာလလဆန်းပိုင်း ကတည်းက ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ပြီး တစ်နှစ်မပြည့်သေးခင် ၂၀၂၅ ဧပြီလတွင်‌ ရေကြီးမှုထပ်မံဖြစ်ပွားခဲ့သည်။

လာမည့် မိုးတွင်းကာလ ရေကြီးမှုထပ်ဖြစ်မည်ကို တာချီလိတ်ဒေသခံ များစိုးရိမ်နေကြသည်။ ထိုမကြုံစဖူး ရေကြီးမှုသည် မယ်ဆိုင်ချောင်းဖျား ရွှေတူးဖော်မှုများကြောင့်ဖြစ်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ထိုင်းလူထုက ထိုင်းအာဏာပိုင်များ နှင့် မြန်မာဏာပိုင်များထံ ဆန္ဒပြတောင်းဆိုထားမှုများလည်းရှိသည်။

အလုပ်သင်သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

0
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...

တာချီလိတ်မြို့ ဖမ်းခံရတဲ့ အွန်လိုင်းလောင်းကစားလုပ်သူ ၄၀၀ ကျော် အာမခံဖြင့် ပြန်လွှတ်မည်

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်သား ဦးရေ(၄၀၀) ကျော်ကို အာမခံဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်က တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးတွင် စစ်ကောင်စီ၏ ဝင်ရောက်စီးနင်း မှုကြောင့် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေ (၅၄၀)...