တရုတ်နယ်စပ်
အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...
မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈)...
မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်သယ်ယူခွင့် ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေ
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့်...
‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆော့လော်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင်စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့်...
မူဆယ် မြန်မာ-တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် အဝင်အထွက် တင်းကြပ်မှုရှိလာ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး တင်းကြပ်ပြီး တရုတ်ဘက်မှ တင်သွင်းကုန်များလည်း ပိတ်ဆို့ခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု...
VPN အသုံးပြုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု တရုတ်အာဏာပိုင် ထုတ်ပြန်
သျှမ်းပြည် မြောက်ပိုင်း - တရုတ်နယ်စပ် ဒေသတွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပြီး သုံးစွဲပါကပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည် မြောက်ပိုင်း - တရုတ်နယ်စပ် ဒေသတို့တွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ...
တရုတ်နယ်စပ်ဒေသ နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာ (Business Visa) ဖြင့် ဖြတ်သန်းသွားလာခွင့်ပြု
SHAN -
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာ (Business Visa) ဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၁ ရက်မှစပြီး မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာ (Business Visa)ဖြင့် နိုင်ငံကူးလက်မှတ် (passport)...
တရုတ်ပြည်ကို အလုအယက် ပြန်သွားနေကြပြီ
လမ်းရဲ့ဘေးတစ်ဖက်တစ်ခြမ်းမှာ အထုပ်အပိုးတွေကို ဘေးချပြီး ထိုင်နေသူက ထိုင်နေသလို အထုပ်ကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့သူတွေဟာ ကြိတ်ကြိတ်တိုးပြီး တန်းစီနေကြပါတယ်။ . တန်းစီနေကြတဲ့ လူအုပ်ကြီးထဲမှာ ဘာသာစကားမျိုးစုံ နဲ့ စကားအပြန်အလှန် ပြောဆိုနေကြပါတယ်။ ဒီနေရာဟာ မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ နန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်တွေမှာ ဖြစ်ကြပြီး၊ ပြီးခဲ့တဲ့...
ကုန်စျေးနှုန်းကြား အိမ်ရှင်မတွေရဲ့ သောက
မနက်အစောချိန် စျေးခြင်းတောင်းကို လက်ကနေဆွဲပြီး လိုအပ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို တွေးတောကာ စျေးထဲ ကုန်စုံဆိုင်သို့ နန်းခမ်းလျန်း တယောက် ဦးတည်သွားနေပါတယ်။ နန်းခမ်းလျန်း တယောက်ဟာ အသက် (၇၀) ကျော် မိခင်အမေအို နဲ့ အတူနေထိုင်တဲ့ သူဖြစ်တဲ့အလျောက် အမေအိုရဲ့ အာဟာရ ဖြည့်စွက်စာ ကုန်နေတာကို...






