မူဆယ် မြန်မာ-တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် အဝင်အထွက် တင်းကြပ်မှုရှိလာ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး တင်းကြပ်ပြီး တရုတ်ဘက်မှ တင်သွင်းကုန်များလည်း ပိတ်ဆို့ခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု တင်းကြပ်ကာ အချို့ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းခွင့် မပြုကြောင်း မူဆယ်မြို့နေ ကုန်သည်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များဘက်က အွန်လိုင်းမှတဆင့် မှာယူထားသည့် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် အိုင်တီ IT ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို မြန်မာပြည်ဘက်သို့ ထုတ်ယူခွင့် မပေးတော့ကြောင်း သိရသည်။

“အခုက အမြင့် ၃ ပေလောက်ပဲ တင်လို့ရတယ်။ တပိုင်တနိုင် အရင်လို ကုန်ပစ္စည်းတွေ အများကြီး တင်လို့မရဘူး။ နောက်ပြီး လျှပ်စစ်ပစ္စည်းတွေ၊ IT ပစ္စည်းတွေလည်း တရုတ်ဘက်က ဂိတ်ပေးမဖြတ်ဘူး။ အကုန်ထုတ်စစ်နေတာ”ဟု မူဆယ်ဒေသခံ ၎င်းကုန်သည်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် တပ်ဖွဲ့တို့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် တစ်ခုတည်းသော စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် မြို့အဖြစ် ကျန်ရစ်နေသည်။

ထို့ကြောင့် မူဆယ်မြို့ ဒေသခံများသည် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်စည်ပစ္စည်းများကိုသာ အားကိုးနေရသည့် ဒေသတစ်ခုဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခင်က တရုတ်အာဏာပိုင်များသည် မြန်မာဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ ပိတ်ဆို့ထားခဲ့ပြီး လက်ရှိတွင် တရုတ်ထုတ်ကုန်ပစ္စည်းများကိုပါ မြန်မာဘက်ခြမ်းသို့ တင်သွင်းခွင့်မရသည်မှာ အလွန်ပင် ထူးခြားနေကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“အရင်က တရုတ်ဘက်က မြန်မာပြည်ကို သွင်းတဲ့ ကုန်တွေဆို ရတယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ထဲ သွင်းရင် စစ်ဆေးတာ၊ အခုက ဘယ်လိုမှန်းမသိဘူး။ နိုင်ငံရေးတွေကလည်း ပြောင်းလဲမှု ရှိနေတော့ ဘာဖြစ်လာမယ် မသိဘူး”ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဉီးက ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ဖော်ဆောင်ပြီးနောက် သျှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်နေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို အားကိုးနေရသည်။

“ဒီပုံစံအတိုင်းဆိုရင် ကျမတို့ ပြည်သူတွေ ဒီထက် ပိုခက်ခဲလာနိုင်တယ်။ ဝမ်းရေးအတွက် ပိုပြီး ဆိုးရွားလာနိုင်တယ်”ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

အခြားတစ်ဘက်တွင်လည်း မူဆယ်မြို့ ပတ်ပတ်လည်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေသည့်အလျောက် မြို့တွင်း တိုက်ပွဲ ဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်တွင် တရုတ်အထိမခံသည့် မူဆယ်မြို့အနီး ၃ မိုင်ခန့်သာ ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...