Wednesday, January 28, 2026

တရုတ်ပြည်ကို အလုအယက် ပြန်သွားနေကြပြီ

လမ်းရဲ့ဘေးတစ်ဖက်တစ်ခြမ်းမှာ အထုပ်အပိုးတွေကို ဘေးချပြီး ထိုင်နေသူက ထိုင်နေသလို အထုပ်ကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့သူတွေဟာ  ကြိတ်ကြိတ်တိုးပြီး တန်းစီနေကြပါတယ်။

.

တန်းစီနေကြတဲ့ လူအုပ်ကြီးထဲမှာ ဘာသာစကားမျိုးစုံ နဲ့ စကားအပြန်အလှန် ပြောဆိုနေကြပါတယ်။

Photo – Local ( တရုတ်ပြည်ကို ဝင်ရောက်မည့်သူများ)

ဒီနေရာဟာ မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ နန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်တွေမှာ ဖြစ်ကြပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာ နယ်စပ်ဂိတ်တွေကို တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် လူတွေဟာ တရုတ်ပြည်ဝင်ဖို့ နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို အလုယက်နဲ့လာလုပ်ကြတာပါ။

အရင်ကတော့ ၁၃ မျဥ်းစောင်းတွေသာ ပြုလုပ်ပေးခဲ့ရာ အခုမှာတော့ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ပြည်သူတွေကို တခါသုံးကတ် TBP ပြုလုပ်ပေးတဲ့အတွက် ဒေသပေါင်းစုံက လာရောက်ပြုလုပ်နေကြတာပါပဲ။

“ညကတည်းက စောင့်နေရတဲ့ သူတွေလည်း ရှိတယ်။ တချို့က ညကတည်းက စောင့်နေတာ ဘာမှမစားရသေးဘူး “ လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ စိုင်းစိုး (အမည်လွှဲ) ကပြောပါတယ်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားချိန်မှစပြီး ပိတ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်ကို အခုချိန်မှာ တရားဝင် ပြန်လည် ဖွင့်လှစ်လိုက် တာကြောင့် လူတွေ အများအပြားနဲ့ လာရောက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo-Credit to Owner ( နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် လာရောက်ပြုလုပ်သူ)

အဲ့ဒီ တစ်ခါသုံးကတ်  TBP ကို တစ်နာရီမှာ လူဦးရေ အယောက် ၆၀ ကျော်ကနေ ၇၀ ကြားအထိသာ လက်ခံ ပြုလုပ်ပေးတာဖြစ်ပြီး သတ်မှတ်ထားတဲ့ တစ်နေ့ ၁၄ နာရီအတွင်းမှာ လူဦးရေ အယောက် ၁ ထောင်ဝန်းကျင်ကို ပြုလုပ်ပေးနေတယ်လို့ ခန့်မှန်းလို့ရပါတယ်။

“အများသုံး သန့်စင်ခန်းလည်း မရှိဘူး။ နေပူ၊ မိုးရွာထဲမှာ တန်းစီရတယ်။ သန့်စင်ခန်း မပေးထားတော့ အပေါ့အပါး သွားရင်လည်း ကိုယ့်နေရာ ပျောက်မှာကြောက်ရသေးတယ်“ လို့ စိုင်းစိုးက ပြောပါတယ်။

လက်ရှိ ကတ်ပြုလုပ်ပေးနေတဲ့ နေရာတွေမှာ အများသုံး သန့်စင်ခန်းတွေ မပေးထားတာကြောင့် သွားရောက် ပြုလုပ်သူတွေက အနီးအနားတဝိုက်ရှိ စားသောက်ဆိုင်က သန့်စင်ခန်းကို အကူညီယူရပြီး အဆင်ပြေသလိုသာ ဖြေရှင်းရတယ်လို့ ဆိုပါတယ်။

ကတ်ကိုသွားရောက်လုပ်ကိုင်သူများက ကတ်လုပ်ခ တစ်ယောက်ကို ကျပ်ငွေ ၂ ထောင် ပေးဆောင်ရပါတယ်။ အဲ့အပြင် ကတ်လုပ်ဖို့ အရေးကြီးရင် ကြီးသလောက်၊ ရှေ့ဆုံးနေရာကို ရောက်ချင်သလောက် နေရာဦးထားသူကို ပိုက်ဆံပေးပြီး နေရာ ဝယ်လို့ရနေပါတယ်။

Photo – Local ( တရုတ်ပြည်ကို ဝင်ရောက်မည့်သူများ)

“ အခုချိန်မှာတော့ ကျပ် ၂ သောင်းကနေပြီး အရေးကြီးရင် ကြီးသလောက်၊ အရှေ့ကို ရောက်ချင်သလောက် ပေးရတယ်။ ပထမတစ်ရက်က ကျပ် ၅ ထောင်၊ ၁ သောင်းကနေ အခု ကျပ် ၂ သောင်းအထိ ရောက်လာပြီ။ ရှေ့ဆုံးမှာဆိုရင်တော့ ကျပ် ၁ သိန်းအထိ ရောက်တယ် “ လို့ စိုင်းစိုးက ပြောပါတယ်။

ထောင် နှင့် ချီ ရှိတဲ့ လူတန်းရှည်ထဲ တချို့မှာ ရှေ့ဆုံးနေရာကို ရထားပြီး ကျပ်ငွေ ၂ သောင်းမှ ၁ သိန်းအထိ နေရာလိုချင်သူတွေ အတွက် ပြန်လည် ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေရာဟာ ဝယ်ထားပြီး ဖြစ်ပြီဆိုပေမယ့် သက်သေပြဖို့ ခက်ခဲပါတယ်။ အပေါ့သွားချင်တာပဲ ဖြစ်ဖြစ်၊ စားစရာဝယ်ယူလိုသာပဲ ဖြစ်ဖြစ် ရထားတဲ့ နေရာကနေ ထွက်ခွာသွားပြီဆိုရင် နေရာပြန်ရဖို့က ခက်ခဲပါတယ်။

ဒါ့ကြောင့် ကတ်သွားလုပ်တဲ့သူတွေဟာ စားနပ်ရိက္ခာအပြည့်နဲ့ ထိုင်ခုံ၊ အခင်းတွေကို လုံလုံလောက် ယူဆောင်သွားရပါတယ်။

တစ်ခါသုံးကတ် TBP  (စာအုပ်အပြာ) ဟာ တရုတ်ပြည်ရှိ ရွှေလီမြို့အထိသာ ၆ ည နှင့် ၇ ရက် လည်ပတ်နိုင်ပြီး အလုပ်လုပ်ကိုင်ခွင့် မပေးထားပါဘူး။

Photo – Credit ( တရုတ်ပြည်ထဲဝင်ရောက်ခွင့်လက်မှတ်)

 “မြန်မာနိုင်ငံ အခြေအနေက အခုအလုပ်တွေ ရှားပါးလာပြီလေ။ အလုပ်လက်မဲ့ လူဦးရေတွေလည်း တအားများလာတယ်။ ပြီးလို့ရှိရင် ကုန်ဈေးနှုန်းလည်း တအားတက်တယ်။ ဒီမြန်မာနိုင်ငံက လုပ်ခ ၁ သိန်းကျော်၊ ၂ သိန်းနဲ့က အဆင်မပြေတော့ဘူး “ လို့ မူဆယ်မြို့ဒေသခံ မောင်ထက် (အမည်လွှဲ)က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ နှင့် နိုင်ငံရေးအခြေနေ မတည်ငြိမ်တာတွေကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်တာကနေ အလုပ်က ရှားပါးလာတာ တစ်ဖက်၊ ရတဲ့ဝင်ငွေက နည်းတာတစ်ဖက်နဲ့ ပိုခက်ခဲလာကြရာ တိုင်းတစ်ပါးကို ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားကြပါတယ်။

အခုလို တစ်ခါသုံးကတ် TBP (စာအုပ်အပြာ) ကို သွားရောက်လုပ်ကိုင်သူ အများစုက တရုတ်ပြည်မှာ အလုပ်လုပ်ကိုင်ဖို့ အတွက် မျှော်လင့်ကြပါတယ်။ အဲ့ဒီလို မျှော်လင့်ထားတာကြောင့် မိုးကာနဲ့ အခင်းတွေ ယူလာပြီး ညဘက်အဆင့်ထိ တန်းစီ စောင့်ဆိုင်းနေရပါတယ်။

Photo – Local ( တရုတ်ပြည်ကို ဝင်ရောက်မည့်သူများ)

“တစ်ခါသုံးကတ်လုပ်တဲ့သူက ကတ်လုပ်ပြီးရင် တရုတ်ပြည်မှာ အလုပ်လုပ်ကြတယ်။ ကျယ်ခေါင်၊ ရွှေလီတို့မှာ လုပ်ကြတာပေါ့။ တစ်ပတ်ပြည့်ခါနီးကြရင် မြန်မာပြည်ဘက် ပြန်လာတာပေါ့။ နောက်ထပ် တစ်ပတ်ကတ်ထပ်လုပ်၊ ပြီးရင်ပြန်သွားဝင် အဲ့လိုမျိုးနဲ့ လုပ်တာပေါ့ “ လို့ မောင်ထက်က ပြောပါတယ်။

ယခင် စစ်တပ် အာဏာမသိမ်းချိန်တုန်းက မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တွေမှာ ကုန်တင်ကားတွေသာ ပြည့်ကြပ်ပေမဲ့ အခုမှာတော့ လူတွေ ကြိတ်ကြိတ်တိုးပြီး ကတ်လုပ်ဖို့ တန်းစီစောင့်ဆိုင်းနေတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ မောင်ထက်က ပြောပါတယ်။

လူတွေကြိတ်ကြိတ်တိုးပြီး တန်းစီ စောင့်ဆိုင်းနေရတဲ့အတွက်ကြောင့် ယမန်နေ့ စက်တင်ဘာလ ၆ ရက်၊ ဆင်ဖြူဂိတ်တွင် အမျိုးသားတစ်ဦး မူးလဲပြီး ခေါင်းနဲ့ရိုက်မိကာ ခေါင်းပေါက်သွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အသင်းထံမှ သိရပါတယ်။

Photo-Credit to Owner ( နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် လာရောက်ပြုလုပ်သူ)

ဒါ့အပြင် တစ်ခါသုံးကတ် TBP ကို ကိုင်ဆောင်ပြီး တရုတ်ပြည်တွင်း သွားရောက်အလုပ်လုပ်သူ အလုပ်သမား တချို့ဟာ သတ်မှတ်ထားတဲ့ ဉပဒေအတိုင်း မလိုက်နာတာကြောင့် ဖမ်းဆီးခံရပြီး မြန်မာပြည် ပြန်ပို့ခံတဲ့အထိ ရှိခဲ့ပါတယ်။

အဲ့ဒီထဲမှာ သတ်မှတ်ထားတဲ့ ရက်မှစ၍ ကတ်ကိုသက်တမ်းမတိုးတာ၊ အလုပ်လုပ်ကိုင်ခွင့်မပါဘဲ လုပ်ကိုင်ရာကနေ စစ်ဆေးမေးမြန်းခံရတဲ့အခါ ဖမ်းဆီးရတာတွေ ပါဝင်ပါတယ်။

“ အခု မြန်မာပြည်က ခေတ်နောက်ပြန်သွားတဲ့ခေတ်ကို ပြန်ရောက်နေတယ်။ ကျနော်တို့တွေ ရှေ့ကိုမတိုးနိုင်ဘဲ နောက်ကိုပြန်ဆုတ်နေတယ်“ လို့ မောင်ထက်က ပြောပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး မကောင်းသရွေ့ ကုန်စျေးနှုန်းကလည်း ဆက်လက်မြင့်မားနေမှာဖြစ်ပြီး အလုပ်လက်မဲ့ ပြဿနာတွေ ကလည်းရှိနေမှာဖြစ်တဲ့အတွက်  အနယ်နယ် အရပ်ရပ်က ပြည်သူတွေဟာ ကိုယ့်ဒုက္ခကိုယ်စီနဲ့ ဝမ်းရေးအတွက် တိုင်းတပါးကို သွားပြီး ဆက်ရုန်းကန်ရအုံးမှာပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...