စစ်ခေါင်းဆောင်

စစ်ခေါင်းဆောင် က ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌကို ဗြောင်လိမ်ပြောဆို

ဆုံးရှုံးနယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms....

ဆုံးရှုံးနယ်မြေများအား တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လှည့်လည်စည်းရုံးနေ

တိုင်းရင်းသားလက်နက်ကိုင်အချို့ ထိန်းချုပ်ထားသော နယ်မြေဒေသကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းဌာနချုပ်အသီးသီးရှိ အောက်ခြေစစ်သည်များကို အားပေး၊ စည်းရုံး နေသည်။ နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယခုသီတင်းပတ် နှစ်ပတ်အတွင်း စစ်တိုင်းနှင့် စစ်ဌာနချုပ်များကို ဆက်တိုက်သွားရောက်နေခြင်း ဖြစ်သည်။ ယမန်နေ့...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

ပြည်သူ့လုံခြုံရေးကို ပြည်သူကသာ ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (သြဂုတ် ၂၅) ရက်က မန္တလေးမြို့ မြို့တော်ခန်းမ၌ မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင်၊ တိုင်းအဆင့်...

တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွား အစွမ်းကုန် ကာကွယ်မည်ဟု စစ်ခေါင်းဆောင် ကတိပြု

တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့် ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့်မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေး အတွက် အစွမ်းကုန် ထိန်းသိမ်း ကာကွယ်ပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကတိပြု ပြောဆိုကြောင်း ရန်ကုန်မြို့ အခြေစိုက် တရုတ် သံရုံးက နေ့...

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံရန် ကြံစည်သည့် ရန်ကုန် UG များဖမ်းမိဟု စစ်ကောင်စီကြေညာ

ရန်ကုန်တိုင်းရှိ သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရန်ကြံစဉ်သည့် ရန်ကုန် UG အဖွဲ့ဝင်များအား ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်း၊ သစ်သားလိုင်းခန်း အဟောင်း၌ ဖမ်းမိကြောင်း...

ခေါင်းဆောင်မှု ပညာရပ် အလွန်အရေးကြီးသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟောပြော

တပ်မတော် (စစ်တပ်) တွင် ခေါင်းဆောင်မှု ပညာရပ် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်း ကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းသာ ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဟောပြောသည်။ မေလ ၂၉ ရက် က ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ...

မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မပါဘဲ စစ်ကောင်စီတပ်ထဲဝင်လာဟု စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းများတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိသဘောဆန္ဒအလျောက်ဝင်ရောက်လာကြသူများဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မေလ ၂၉) ရက်၊ ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သော သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများဖြစ်သည်နှင့်အညီ...

တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေ့ချင်းပြန် လာရောက်

ယမန်နေ့ (ဧပြီလ ၅ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့၌ ကျင်းပပြုလုပ်နေသည့် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေ့ချင်းပြန် ရောက်ရှိလာခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၃ ရက်တည်းက တာချီလိတ်မြို့သို့ စစ်ခေါင်းဆောင်...

တာချီလိတ်နဂါးနှစ်ကောင်ဆရာတော်ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိ

တာချီလိတ်မြို့ ဆန်ကိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဓမ္မရုံတော်ကြီးတွင် ကျင်းပပြုလုပ်နေသည့် နဂါးနှစ်ကောင်ဆရာတော်ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၃) ရက် ညပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုးကွယ်သည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ တရားဟောကြားမည်ဖြစ်ပြီး မင်းအောင်လှိုင်လည်း ရောက်ရှိနေကြောင်း တာချီလိတ်မြို့...

Latest news