တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွား အစွမ်းကုန် ကာကွယ်မည်ဟု စစ်ခေါင်းဆောင် ကတိပြု

တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့် ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့်မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေး အတွက် အစွမ်းကုန် ထိန်းသိမ်း ကာကွယ်ပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကတိပြု ပြောဆိုကြောင်း ရန်ကုန်မြို့ အခြေစိုက် တရုတ် သံရုံးက နေ့ (ဩဂုတ်လ ၂၁ ရက်နေ့) တွင် ထုတ်ပြန်သည်။

နေပြည်တော်၌ ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် ဖြစ်သူ မစ္စမာကျား (Ms. Ma Jia) ၏ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲတွင် စစ်ခေါင်းဆောင် မင်အောင်လှိုင်က အထက်ပါ အတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်က “မြန်မာနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်” ဟု ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံစဥ်

သို့သော် သျှမ်းမြောက်နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ တရုတ် စီမံကိန်း ၁၀ ခုထက်မနည်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ အားလုံးနီးပါး စစ်ကောင်စီက လက်လွှတ်ထားရသည်။

ထို့အတူ တရုတ် သံအမတ်သစ်က NLD လက်ထက် သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီမှုရလဒ်များကို အကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်သွားရန်၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေး လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေး၍ ဘေးကင်းသောပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ရှုံးပြီး အထွေထွေ အကျပ်ဆိုက်နေသည့် စစ်ခေါင်ဆောင် မင်းအောင်လှိုင် သည်ပြီးခဲ့သည့် သီတင်းပတ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် တရုတ်အကူညီ မျှော်ကိုး၍ တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်မည်ဟု ကတိပေးမှုများ ပြုလုပ်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...