Wednesday, January 28, 2026

စစ်ခေါင်းဆောင်

ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့်အရုပ် နှစ်မျိုးရှိဟု မြဝတီရုပ်သံ ဝန်ထမ်းများအား စစ်ခေါင်းဆောင် ရှင်းပြ

ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့် အရုပ်နှစ်မျိုးရှိရာ အသံနှင့်ပတ်သက်၍ အသံမှန်ရန်လိုသကဲ့သို့ တည်ကြည်သည့် အနေအထားရှိရန်နှင့် ပျော့ပြောင်းသည့် အနေအထားရှိစေရေး သတိထားရန်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား ဝန်ထမ်းများအား ရှင်းလင်း ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) က နေပြည်တော်တိုင်း...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ပို့ချသည့် ရုပ်သံဖိုင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည့် ရုပ်သံဖိုင်ကို ယခုရက်ပိုင်း အတွင်း စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေ၍ လှောင်ပြောင်နေသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံဖိုင်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အရာရှိကြီးများအား စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည်ကို တွေ့ရပြီး...

နိုင်ငံတိုးတက်ရေး ပြည်သူများ အသောက်အစား အသုံးအစွဲ လျှော့ချရန် စစ်ခေါင်းဆောင် တိုက်တွန်း

ပြည်သူများ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများ လျှော့ချပါက တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီအတွက် သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိစေနိုင်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တိုက်တွန်း ပြောဆိုလိုက်သည်။ နေပြည်တော်၌ ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) က...

ပိုင်ဆိုင်ထား လေယာဉ်နှင့် စစ်လက်နက်များ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင်ပြော

ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက်တွင် ပြုလုပ်သည့် တပ်မတော် (လေ) ၇၇ နှစ်မြောက် နှစ်ပတ်လည်အနေ့ အခမ်းအနား၌ ထိုသို့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပေးမည်ဟု တရုတ်က စစ်ကောင်စီကို ကတိပေး

တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ...

” ဘဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို တကယ်စိတ်မကောင်းဘူး” ဟု စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံ ဒေသအတော်များများတွင် ယခုဖြစ်ပေါ်နေသည့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများကို တကယ်စိတ်မကောင်းဘူးဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ရာတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ”သဘာဝဘေး အန္တရာယ်ဆိုတာက...

စစ်ခေါင်းဆောင် က ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌကို ဗြောင်လိမ်ပြောဆို

ဆုံးရှုံးနယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms....

ဆုံးရှုံးနယ်မြေများအား တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လှည့်လည်စည်းရုံးနေ

တိုင်းရင်းသားလက်နက်ကိုင်အချို့ ထိန်းချုပ်ထားသော နယ်မြေဒေသကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းဌာနချုပ်အသီးသီးရှိ အောက်ခြေစစ်သည်များကို အားပေး၊ စည်းရုံး နေသည်။ နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယခုသီတင်းပတ် နှစ်ပတ်အတွင်း စစ်တိုင်းနှင့် စစ်ဌာနချုပ်များကို ဆက်တိုက်သွားရောက်နေခြင်း ဖြစ်သည်။ ယမန်နေ့...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

ပြည်သူ့လုံခြုံရေးကို ပြည်သူကသာ ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (သြဂုတ် ၂၅) ရက်က မန္တလေးမြို့ မြို့တော်ခန်းမ၌ မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင်၊ တိုင်းအဆင့်...

Latest news