နိုင်ငံတိုးတက်ရေး ပြည်သူများ အသောက်အစား အသုံးအစွဲ လျှော့ချရန် စစ်ခေါင်းဆောင် တိုက်တွန်း

ပြည်သူများ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများ လျှော့ချပါက တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီအတွက် သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိစေနိုင်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တိုက်တွန်း ပြောဆိုလိုက်သည်။

နေပြည်တော်၌ ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) က ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေးတွင် ရှည်လျှားလှသည့် မိန့်ခွန်း ပြောကြားရာ စစ်ခေါင်းဆောင်က အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ အသုံးအစွဲ လျှော့ချရေးနှင့် ပတ်သက်၍ “အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဒေသနှင့် နိုင်ငံ၏ အကျိုးနှင့် ပတ်သက်ပါက ပြောသင့်ပြောထိုက်သည်များကို မဖြစ်မနေ ပြောဆိုရမည်ဖြစ်ကြောင်း” ၎င်းက ပြောဆိုသည်။

လက်ရှိ နိုင်ငံတဝှမ်း စစ်ဘေး၊ စီးပွားရေး ကျဆင်းမှု သာမက လျှပ်စစ်မီး ပြတ်တော်မှုကြောင့်ပါ အထွေထွေ အကျပ်အတည်း ဆိုက်ပြီး ပြည်သူများ ဒုက္ခရောက်နေစဥ် စိုက်ပျိုး မွေးမြူရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စားရေးရိက္ခာ ပေါများရေး စသည်ဖြင့် များပြားလှသည့် ကိစ္စများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်ကိုလည်း တွေ့ရသည်။

ထို့အပြင် နိုင်ငံ့စီးပွားးရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် အောင်မြင်မှုမရှိသဖြင့် မည်သည့်နိုင်ငံကမျှ ကျင့်သုံးမှု မရှိတော့သည့် သမဝါယမ စနစ် ကျင့်သုံးရမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်း ပနိုင်သည့် အခြေအနေမျိုးဖြစ်ရန် ဖိဖိစီးစီး ဆောင်ရွက်ရန်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေး လုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြောသည်။

ယင်းပြောဆိုမှုတွင် “လွှတ်တော် အစည်းအဝေး လုပ်ဆောင်နိုင်စွမ်း ရှိရမည်” ဆိုသည့် ပြောဆိုမှုသည် မည်သည်ကို ရည်ရွယ် ပြောဆိုသည်မူ ရှင်းရှင်းလင်းလင်း ဖော်ပြခြင်း မပြုပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် စစ်ကောင်စီ အစည်းအဝေးတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လျှပ်စစ် ထုတ်လုပ်ရေး၊ စက်မှု ကုန်ထုတ်လုပ်မှု၊ ရွေးကောက်ပွဲ စသည်ဖြင့် များပြားလှသည့် ကိစ္စများကို ရှည်လျှားစွာ ပြောဆိုခဲ့သော်လည်း လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲများတွင် စစ်ရှုံးနေသည့် ကိစ္စနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ စသည်တို့ကို ထည့်သွင်းပြောဆိုခြင်း မရှိဘဲ လျစ်လျူရှူခဲ့သည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ် ပြင်ဦးလွင်မြို့၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် တည်ဆောက်နေသည့် ဆိုလာ စီမံကိန်းများ ပြီးစီးပါက လျှပ်စစ် အပြည့်အဝရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...