စစ်ရှုံးခေါင်းဆောင် ရှောင်လင်သိုင်း ကြည့်ရှူ “ရေကိုတားလို့ အကြားမထင်” ဟု ကြုံးဝါး၊ လှပသည့် အနာဂတ် တည်ဆောက်မည်ဟု တရုတ်သံအမတ် တုန့်ပြန်

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူး အခမ်းအနားသို့ စစ်ရှုံးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရှောင်လင်သိုင်း ကြည့်ရှူခဲ့သည်။

ထိုပြင် တရုတ်- မြန်မာ ချစ်ကြည်ရေးနှင့် ပတ်သက်၍ မည်သူမျှ သွေးခွဲ မရကြောင်း “ရေကိုသား အကြားမထင်” ဟု ကြုံးဝါး ပြောဆိုခဲ့ပြီးနောက် လှပသည့် အနာဂတ် တည်ဆောက်မည်ဟု တရုတ်သံအမတ်က တုန့်ပြန်ခဲ့ကြောင်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်နေ့) က ကျင်းပသည့် အဆိုပါ နှစ်သစ်ကူး အခမ်းအနားတွင် စစ်ရှုံးခေါင်းဆောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E. Ms. Ma Jia တို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာ ဂါရဝပြပြီးနောက် ရှောင်လင်ကွန်ဖူး ကြည့်ရှုကြကြောင်း ဆိုသည်။

ယင်းအခမ်းအနားတွင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ကျော်မှ အစချီ၍ တရုတ်နိုင်ငံ သမိုင်းကြောင်းကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်သည် တရုတ်ရိုးရာ ရာသီခွင် ၁၂ ပါးထဲမှ မြွေနှစ်ဖြစ်ကြောင်း ဆိုကာ မြွေနှစ်သည် ဉာဏ်ပညာ၊ မဟာဗျူဟာ ပြောင်းလဲခြင်း၊ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးတက်ကြီးပွားခြင်း၊ ထိုးထွင်းသိမြင်ခြင်း အဓိပ္ပာယ် ဖြစ်ကြောင်း စသည်ဖြင့် တရုတ်သံအမတ်နှင့် တကွ တက်ရောက်သူများအား ရှင်းပြသည်။

ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းအား ရှည်လျှားစွာ ရှင်းပြပြီး စီးပွားရေးစင်္ကြံစီမံကိန်းကို အလေးထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်း အဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ဆိုသည်။

ရှောင်လင်သိုင်းကြည့်ရှုနေသည့် စစ်ခေါင်းဆောင်

ယင်းနောက် ၄င်းသွားရောက်ခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တရုတ်နိုင်ငံ ခရီးစဥ် အသေးစိတ်အား ရှင်းပြပြီး တရုတ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ်ခဲ့သည်များကို ရှည်လျှားစွာ ပြောကာ တရုတ်နိုင်ငံအား ကျေးဇူးတင်ကြေင်းနှင့် အကူအညီ ပေးစေလိုကြောင်း ထပ်ပြောသည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ ၁၉၅၀ ပြည့်နှစ်မှ အစချီပြီး ယခု ၂၀၂၅ ခုနှစ်မှစပြီး တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပ အဖွဲ့များ နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေ ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရှေးနှစ်ပေါင်းများစွာ ဖြစ်တည်လာသည့် ချစ်ကြည်ရင်းနှီးမှုကို “ရေကိုတားလို့ အကြားမထင်” သလို ဘယ်လိုနည်းလမ်းနှင့် လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုကြောင်း စစ်ခေါင်းဆောင်က တောင်းဆိုသည်။

ရှောင်လင်သိုင်းကြည့်ရှူနေသည့် စစ်ခေါင်းဆောင်

ယင်းတောင်းဆိုမှုများ အပေါ် မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး တရုတ်သည် ပေးဆပ်သူများ ဖြစ်ကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ လှပသည့် အနာဂတ် အတူတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် သာယာဝပြောပြီး ငြိမ်းချမ်းပါစေရန် ဆုမွန်ကောင်းတောင်းကြောင်း ရန်ကုန် အခြေစိုက် တရုတ် သံအမတ်က တုန့်ပြန် ပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် “ပန်းတိုင်းပွင့်ပါစေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းလည်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...