ပိုင်ဆိုင်ထား လေယာဉ်နှင့် စစ်လက်နက်များ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင်ပြော

ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက်တွင် ပြုလုပ်သည့် တပ်မတော် (လေ) ၇၇ နှစ်မြောက် နှစ်ပတ်လည်အနေ့ အခမ်းအနား၌ ထိုသို့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပွဲအောင်နိုင်ရေးအတွက် လေတပ်က အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်၍ ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ် ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း ဆိုသည်။

ထို့အပြင် တပ်မတော် (လေ)မှ အရာရှိ၊ စစ်သည်များ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဉ် အမျိုးအစားများဖြစ်သော MTX-1A နှင့် MTX-1B လေယာဉ်များကိုပါ ယမန်နေ့ ကျင်းပသည့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ရာတွင် ပါဝင်ပျံသန်းခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သည့် အဆိုပါလေယာဉ်များကို Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရှိရန် ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ် တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် အောက်တိုဘာ ၆ ရက်အထိ လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၇,၁၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း ISP-Myanmar က ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်၌ ထုတ်ပြန်ထားသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်ပိုင်း ၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဧပြီလအထိ ခြောက်လတာအတွင်း လေကြောင်းတိုက်ခိုက်အကြိမ်ရေ သုံးထောင်ကျော် (၃,၀၀၀) လုပ်ခဲ့ကြောင်း (ISP-Myanmar)၏ အောက်တိုဘာလထုတ် သုတေသနအချက်အလက် ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...