ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့်အရုပ် နှစ်မျိုးရှိဟု မြဝတီရုပ်သံ ဝန်ထမ်းများအား စစ်ခေါင်းဆောင် ရှင်းပြ

ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့် အရုပ်နှစ်မျိုးရှိရာ အသံနှင့်ပတ်သက်၍ အသံမှန်ရန်လိုသကဲ့သို့ တည်ကြည်သည့် အနေအထားရှိရန်နှင့် ပျော့ပြောင်းသည့် အနေအထားရှိစေရေး သတိထားရန်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား ဝန်ထမ်းများအား ရှင်းလင်း ပြောဆိုလိုက်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) က နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်၊ လေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် စစ်တပ် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မြဝတီရုပ်သံ) သို့ သွားရောက်ရာတွင် မြဝတီ ရုပ်သံ ဝန်ထမ်း စစ်သားများကို အထက်ပါ အတိုင်း ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ ထုတ်လွှင့်မှုများကို လေ့လာ၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ရန် လူကြီး၊ လူငယ် အသက်အရွယ်အလိုက် ကြိုက်နှစ်သက်သည့် အစီအစဉ်များ၊ တေးသီချင်းများ ထုတ် လွှင့်နိုင်ရန် စစ်ခေါင်းဆောင်က ညွှန်ကြားသည်။

ကမ္ဘာကြီးတွင် တွယ်ကျယ်လာသည့် AI စနစ်ကို လေ့လာရန် လိုအပ်ကြောင်း ဆိုသည်။

ထို့အပြင် တောင်ညိုတပ်နယ်၊ လေ့ကျင့်ရေး သင်တန်းကျောင်း ရောက်ရှိစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်သား တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများ မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးရမည်ဟုလည်း လမ်းညွှန်သည်။

သို့သော် တိုက်ပွဲတွင် ကျဆုံးသည့် စစ်သားများ အတွက် အသက်အာမခံကြေး ပေးလျှော်ရမည့် ၄င်း၏ သား ပိုင်ဆိုင်သည့် အောင်မြင့်မိုရ် အာမခံ လုပ်ငန်းသည် အကြောင်းအမျိုးမျိုးပြ၍ ပေးလျှော်ခြင်းမရှိဟု စစ်တပ် အသိုင်းအဝိုင်းတွင် သတင်းကြီးနေသည်။

ထို့အပြင် စစ်သားများသည် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်ရန် တပ်တွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား မိသားစုများကလည်း တပ်များတွင် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြောင်း၊ ထိုကဲ့သို့ လက်ရှိလူဦးရေ ၅၂ သန်းခန့်တွင် လူအနည်းငယ်သာ စစ်သားဘဝ ခံယူ၍ မြင့်မြတ်လှသည့် တာဝန်များ ထမ်းဆောင်နေရသဖြင့် စစ်များ၏ ဘဝကို ဂုဏ်ယူတတ်ရန်နှင့် တာဝန် ကျေပွန်ရန်လိုကြောင်း ၎င်းက စည်းရုံးသည်။

နိုင်ငံတဝှမ်း စစ်သားစုဆေင်းရန် နေ့စဥ်နှင့်အမျှ အဓမ္မ ဖမ်းဆီးမှုများ၊ ဖမ်းဆီးငွေညှစ်မှုများ ရှိနေပြီး တိုက်ပွဲများတွင် ရာပေါင်းများစွာသော စစ်မှုထမ်း လူငယ်များ သေဆုံးနေရသည့် ကိစ္စများကိုမူ ပြောဆိုခြင်း မရှိခဲ့ပေ။

လက်ရှိ နိုင်ငံအနှံအပြား တော်လှန်စစ်ပွဲများ ဖြစ်ပွားနေရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ခရီးလှည့်လည်ရန် မြို့များစွာ မကျန်ရှိတော့ဘဲ ပြင်ဦးလွင်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့များကို လှည့်လည်သွားလာနေရာက ယခုအခါ နေပြည်တော် အတွင်းရှိ တောင်ညိုတပ်နယ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...