စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ပို့ချသည့် ရုပ်သံဖိုင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည့် ရုပ်သံဖိုင်ကို ယခုရက်ပိုင်း အတွင်း စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေ၍ လှောင်ပြောင်နေသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်သံဖိုင်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အရာရှိကြီးများအား စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည်ကို တွေ့ရပြီး နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူသားအရင်အမြစ် စသည့် အချက် ၄ ချက် အလွန်အရေးကြီးသည်ဟု ဆိုသည်။

“လျှပ်စစ်ဓာတ် မရှိရင်ဘာမှလုပ်လို့မရဘူး။ နိုင်ငံဖွံ့ဖြိုးရေးလုပ်လို့မရဘူး၊ လုပ်မယ်ဆိုရင်တောင် အခက်အခဲ ကြီးမားမယ်၊ စရိတ်စက ကြီးမားမယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ယင်ရုပ်သံမှတ်တမ်းသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းမီ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်ကို လိုက်လံ စည်းရုံးနေသည့် ကာလက နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် တက်ရောက်နေသည့် သင်တန်းသား စစ်အရာရှိများကို ဟောပြောသည့် ရုပ်သံ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ကျနော် မှတ်မိသလောက်က အာဏာမသိမ်းခင်လေး စည်းရုံးရေးဆင်းတဲ့ ရုပ်သံဖိုင်ပါ။ အဲဒီကာလက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဟောပြောတာတွေကို အပိုင်းလိုက် ဖြန့်ခဲ့တာ ရှိပါတယ်။ အချိန်ကာလ ကျနော် အမှတ်မှားတာလည်း ဖြစ်နိင်တယ်” ဟု ၄င်းကရှင်းပြသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် စစ်အရာရှိများ နှာခေါင်းစည်းတပ်ထားသည်ကိုလည်း တွေ့ရသည် ဖြစ်ရာ ရွေးကောက်ပွဲ အပြီး စစ်တပ် အာဏာမသိမ်းမီ ကိုဗစ်ကက်ရောဂါ အတန်ငယ် ငြိမ်သက်နေသည့် ကာလဟု ယူဆရသည်။

လက်ရှိ လျှပ်စစ်မီးပြတ်တောက်၍ တနိုင်ငံလုံး မှောင်မဲ နေကာ စစ်ပွဲများတွင် ရှုံးနိမ့်နေစဥ် စစ်တပ် ထောက်ခံသူများက ၄င်းရုပ်သံဖိုင်ကို လူမှုကွန်ရက် အသီးသီးတွင် ပြန်လည် ဖော်ပြ လှောင်ပြောင် မျှဝေနေသည်ကိုလည်း တွေ့ရသည်။

အကျင်ပျက် ခြစားမှု၊ သားနှင့် သမီး၏ လောဘတကြီး အခွင့်အရေး အလွဲသုံးစား စီးပွားရှာဖွေမှုများဖြင့် နာမည်ပျက်နေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် သည် လက်ရှိ စစ်ရှုံးနေစဥ◌်မှာပင် ပွဲလမ်းများ တက်ရောက်၍ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များသာ အလေးထား ပြောဆိုနေရာ စစ်တပ်ထောက်ခံသူများကြား ဝေဖန်မှုများစွာ ရှိနေသည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်စိုးစဥ် ကာလက စစ်ဗိုလ်ချုပ်များအဖြစ် အရေးကြီး တာဝန် ပေးအပ်ခံရရေး အတွက် မဖြစ်မနေ တက်ရောက်ရသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...