စစ်ခေါင်းဆောင် က ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌကို ဗြောင်လိမ်ပြောဆို

ဆုံးရှုံးနယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger တို့ တွေ့ဆုံခဲ့စဉ် စစ်ကောင်စီတပ်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေသည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်ထဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့စဉ်

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် ပြည်သူများ လက်ထဲသို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန်တကယ် ရောက်ရှိရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယင်းကဲ့သို့ ပြောဆိုနေသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိလာစဉ် ဆုံးရှုံးလိုက်ရသည့် နယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မှု ပြုလုပ်မည်ဟု ပြောဆိုခဲ့သည်။

နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်ထဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့စဉ်

၎င်းနောက် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများမှ စာသင်ကျောင်း၊ ဈေး အစရှိသည့် နေရာများအပြင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာများအထိ အများပြည်သူကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်မှ လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာသည်။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက်နေရာယူခြင်းနှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (War Crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာချုပ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် မန်တုံ၊ နမ့်ခမ်း၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့များတွင် အရပ်သား ဆယ်နှင့်ချီ သေဆုံးမှု ဖြစ်ခဲ့သည်အထိ ဂျီနီဗာကွန်ဗင်းရှင်းစာချုပ်ကို ဆက်တိုက်ကျူးလွန်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...