ခေါင်းဆောင်မှု ပညာရပ် အလွန်အရေးကြီးသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟောပြော

တပ်မတော် (စစ်တပ်) တွင် ခေါင်းဆောင်မှု ပညာရပ် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်း ကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းသာ ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဟောပြောသည်။

မေလ ၂၉ ရက် က ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ် နည်းပြအရာရှိများ၊ ကထိကများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံစဥ် ယင်းသို့ ဟောပြောခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်မှုတွင် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိဘဲ ခေါင်းဆောင်မှု ကောင်းမွန်ရန် ကိုယ်တိုင် လေ့ကျင့်ရန်လိုကြောင်း၊ သင်တန်းကာလအတွင်း လေ့ကျင့်သွားပါက စစ်ဘက်ခေါင်းဆောင် ကောင်းများ ဖြစ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် က ဆိုသည်။

“နိုင်ငံတော် တည်ဆောက်ရေး အတွက် မိမိတို့ အနေဖြင့် ဆောင်ရွက်ရန် များစွာ ရှိနေသေးကြောင်း၊ တိုးတက် ပြောင်းလဲနေသည့် ခေတ်နှင့်အညီ တိုးတက်စေရေးအတွက် အမြဲ ကြိုးပမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း” ၎င်းက သတိပေးသည်။

ထို့အပြင် သင်တန်းသားများ အနေဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါဘဲ စစ်တပ် အတွင်းသို့ မိမိသဘောဆန္ဒ အလျောက် ဝင်ရောက်လာကြသူများ ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ထပ်လောင်းပြောကြားသည်။

သို့သော် စစ်တပ် အာဏာသိမ်းမှု ၃ နှစ်ကျော် ကာလ အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး သမိုင်းဝင် ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် စစ်တပ် အတွင်း ထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းမှုဖြင့် ကြုံတွေ့နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်က မှတ်ချက်ပြုသည်။

“ဘက်စုံ ရှုံးနေတော့ တပ်သားကနေ ဗိုလ်ချုပ်ကြီးတွေ အထိ မကြိုက်တဲ့လူက များတယ်။ ဒါပေမယ့် စစ်တပ်မှာက ပေးတာယူ ကျွေးတာစား ပြန်မပြောနဲ့ ဆိုတာက အသားကျနေပြီ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ စစ်ရေးအရ တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်နှင့် ရခိုင်ပြည်နယ်တွင် စစ်တပ် အရေးနိမ့်နေသည့် နည်းတူ ကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းနေမှုနှင့် အတူ ပြည်တွင်း စီးပွားရေး ပရမ်းပတာ ဖြစ်နေရာ ကျဆုံးနိုင်ငံ အဖြစ် ဦးတည်နေပြီဟု လေ့လာသူများက သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...