စစ်ကော်မရှင်
ရွာငံမြို့နယ် ကျေးရွာအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ ရွားသားများကို ရိုက်နှက်စစ်ဆေး
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ယခုရက်ပိုင်း၌ စစ်ကြောင်းထိုးလာနေပြီး ကျေးရွာအတွင်း ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှစ၍ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုထဲကို စစ်ကော်မရှင်တပ်သည် မြေပြင် အင်အား (၁၀၀)...
တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ
သျှမ်ပြည် အရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...
လားရှိုးမြို့ထဲ စစ်ကော်မရှင်တပ်နှင့် MNDAA ထပ်မံတွေ့ဆုံဆွေးနွေး
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA...
မိုင်းပွန်မြို့ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ကားများ သိမ်းဆည်း
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွင် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်နေပြီး လိုင်စင်မဲ့ကားများကိုပါ သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ်သည် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ ပိုမို တင်းကြပ်လာကာ လိုင်စင်မဲ့...
မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင် ပြင်ဆင်၊ ဒေသခံများကို လုပ်အားပေးခိုင်း
SHAN -
သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီးသည် နောင်ချိုမြို့သို့ ရောက်ရှိလာပြီး နောင်ချိုဘူတာမှတဆင့်...
အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်ဝယ်သူနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ဟုဆိုကာ လူ ၃ ဦးကို ဖမ်းဆီး
SHAN -
အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်းဝယ်၍ အကြမ်ဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော CDM ဝန်ထမ်းတစ်ဦးနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည်ဟုဆိုကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်သူများနှင့် ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေးကြေး လိမ်လည်ခြင်း၊ တရားမဝင်ထိုင်းထီနှင့် တရားမဝင်စီးပွားရေး လုပ်ငန်များလုပ်ကိုင်ပြီး...
TNLA ထိန်းချုပ် မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၅ လုံးပျက်စီး
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၇ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့...
စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ
ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။ ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...
စစ်ကော်မရှင်ထိန်းချုပ် လားရှိုးမြို့ ဒေသခံတစ်ဦးထံ စိတ်ကြွဆေးပြား လေးထောင်ကျော်ဖမ်းမိ
SHAN -
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လာရှိုးမြို့တွင် မူးယစ်ဆေး( စိတ်ကြွရူးသွပ်ဆေး) ၇,၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၄ သိန်း)ကို သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးများကို စက်တင်ဘာ ၁၄ ရက်က လားရှိုးမြို့ ရပ်ကွက် (၁၂) ဟက်ကာကျေးရွာနေ...
သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ
SHAN -
သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...






