တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး ကလေးအပါအဝင် (၉) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကြဲမှုကြောင့် အသက် (၁၀) နှစ်အရွယ် မောင်ဇေယျာအောင်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ထွန်းမျိုးအောင် ထိမှန်သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အလားတူ အသက် (၉) နှစ်မှ (၁၄) နှစ်အတွင်း ကလေး ၆ ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် (၆၀) နှစ်အရွယ် အမျိုးသား ၂ ဦးတို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ နံနက်ပိုင်းတွင်လည်း သီပေါမြို့နယ် မန်ဟဲကျေးရွာရှိ ရဲစခန်းဟောင်းကိုလည်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။












Leave a Comments