PNOတပ်သားကို စစ်ကော်မရှင်တပ်သားများက အုပ်စုဖွဲ့ဝိုင်းရိုက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သားတစ်ဦး ကို စစ်ကော်မရှင် တပ်သားများက အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညတွင် အသက် ၃၀ ကျော်အရွယ် PNO တပ်ဖွဲ့ဝင်တစ်ဦးမှ တောင်ကြီးမြို့ထဲသို့ ဆိုင်ကယ်ဖြတ်မောင်းစဉ် စစ်ကော်မရှင် တပ်သား အယောက် ၂၀ ကျော်မှ အဆိုပါ PNOတပ်ဖွဲ့ဝင်တစ်ဦးကို ဝိုင်းရိုက်ခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“သူတို့က ကျနော်တို့ကားကို တားပြီး ကားပေါ်က ဆင်းခိုင်းတာ။ ပြီးရင်သူတို့က အုပ်စုလိုက် ရိုက်တော့တာပဲ။ ကျနော် မျက်နှာ၊ ကျောဆို ရစရာကို မရှိတော့ဘူး။ ညိုမဲစွဲသွားတာ။ သူတို့က PNOတပ်ဖွဲ့ဝင်လို့ ပြောမှ ပြန်လွှတ်ပေးတာ။ မမေး မမြန်းဘဲ ရိုက်တော့ လွန်တာပေါ့။”ဟု ဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ည ၁၁ နာရီအချိန် နောက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့က ကင်းလှည့်နေစဉ် ဆိုင်ကယ်၊ ကားများကို တွေ့ရှိပါက တားပြီး ရပ်ခိုင်းကာ စစ်ဆေးမေးမြန်းခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေး အရေးပေါ် ဆေးကုသရန်အတွက် ညအချိန် အပြင်ထွက်သွားလာလျှင်လည်း စစ်ကော်မရှင် နှင့် ခိုးဆိုလုယက်သူများကို ကြောက်နေရသည့် အခြေအနေဖြစ်နေကြောင်း တောင်ကြီးမြို့စျေးရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ညဆို ကျန်းမာရေး ကိစ္စဖြစ်ဖြစ် အရေးပေါ် ညနက်သန်းခေါင်သွားရမှာတို့၊ ဈေးရောင်းသွားရမှာတို့ဆို ညအချိန်သွားရတယ်လေ စစ်ကော်မရှင်က တွေ့ရင် စစ်ဆေး မေးမြန်းတာထက် ခြိမ်းခြောက်တယ်၊ ပိုက်ဆံ ပါသလောက် တောင်းသွားတယ်။ ခုတလောက ခိုးဆိုးလုယက်သူတွေ များလာတော့ ဒီမှာ မလုံခြုံတော့သလို လုပ်စားဖို့တောင် အဆင်မပြေတော့ဘူး။” ဟု ၎င်း စျေးသည်က ဆိုသည်။

ထိုသို့ စစ်ကော်မရှင်က ခြိမ်းခြောက်ငွေ ညှစ်သည့်အပြင် စစ်မှုထမ်း တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ခေါ်ယူမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ( သြဂုတ် ၁၂)ရက် နံနက် ၃နာရီတွင် တောင်ကြီးမြို့ ဘုရားဖြူစျေးတွေ ကုန်စိမ်းရောင်းချရန်အတွက် မြို့မစျေးသို့ ကုန်စိမ်းများသွားရောက်သယ်ယူနေစဉ် ရဲနှင့်စစ်သားများက မှောင်ရိပ်ခိုပြီး ပိုက်ဆံတောင်းသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမ ပတ်တွင်လည်း တောင်ကြီးမြို့ပေါ် မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် ညအချိန်အလုပ်မှ ပြန်လာသူ လူငယ်များကို စစ်သားနှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးသွား၍ လူငယ် (၂၀)ကျော်ပါသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...