စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ငွေညှစ်သည့် ရွာငံအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဉီး ဓားထိုးသတ်ခံရ

စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ရွာငံမြို့နယ်ဒေသခံများထံ ငွေညှစ်သည့် တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန် ကျေးရွာမှ ရွာသားတစ်ဦး ဓားထိုးအသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှ အသက် ၄၅ ဝန်းကျင် အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့သည် ရွာငံမြို့ပေါ်ရှိ ဝက်သတ်ရုံတွင် ဓားဖြင့်အထိုးခံရပြီး အသတ်ခံခဲ့ရကြောင်း ရွာငံမြို့မှ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တပ်ကုန်းရွာက အုပ်ချုပ်ရေးမှူး နဲ့ မြသိန်းတန်က တစ်ယောက် အသတ်ခံရတယ်။ ဝက်သတ်ခုံမှာပဲ ဓားနဲ့ အသတ်ခံရတာ။ သူတို့က စစ်ကော်မရှင်နဲ့ ပူးပေါင်းပြီး ရွာသားတွေနား ခြိမ်းခြောက် ငွေတောင်းတယ် ။ မြသိန်းတန်က တစ်ယောက်က လည်း အလိုတူ အလိုပါမို့ အသတ်ခံရတယ် ထင်တာပဲ။ဘယ်သူ သတ်သွားမှန်းတော့ မသိဘူး။”ဟု ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကော်မရှင် အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် တပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပြုလုပ်ကာ ဒေသခံများအပေါ် ငွေများ မတရားကောက်ခံခြင်း၊ ၎င်းအမြင်မကြည်သူများကိုလည်း စစ်ကော်မရှင်ထံသို့ တိုင်ကြားခြင်းများ ပြုလုပ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

၎င်း တပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဉီးသတ်ခံရသည့် ရွာငံမြို့ပေါ် ဝက်သတ်ရုံနေရာသည် ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သာ သွားရကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အသတ်ခံရသည်မှာ ရွာငံမြို့နယ်အတွင်း ၅ ဉီး ထက်မနည်းရှိနေပြီး ကျေးရွာအများစုတွင်လည်း အုပ်ချုပ်ရေးမှူး လုပ်မည့်သူ မရှိကြောင်း ရွာငံမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသတ်ခံရတာက ၅ဉီး ထက်နည်းရှိနေပြီ။ ရွာမှာလည်း အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာကို ဝင်လုပ်မယ့်သူမရှိဘူး။ ဘယ်သူမှ မလုပ်ရဲကြဘူး။ စစ်ကော်မရှင်က အတင်းခန့်တဲ့ သူတွေကတော့ မလုပ်ချင်လည်း လုပ်နေကြရတာ။ အုပ်ချုပ်ရေးမှူးက ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်း ကြောက်ရနဲ့ မလွယ်ဘူး။”ဟု ၎င်း အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးအသတ်ခံရသည့် ကျေးရွာများတွင် စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးများက လက်နက်ကိုင် ခြိမ်းခြောက်၍ ငွေတောင်းခြင်း၊ မတရားဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး အသတ်ခံရပြီး အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ် ဘုရားကြီးကုန်းကျေးရွာ၌ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...