မိုးမိတ်မြို့နယ်ထဲ လေကြောင်းဗုံးကြဲခံရပြီး ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၆ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ ဝဲပေါင်းရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝဲပေါင်းရွာ တောင်ဘက်ခြမ်း ၇ ဦးသေတယ်၊ ဒဏ်ရာရတာ များတယ်။ အခု ကြဲခံရတာ ဗမာဘက်ခြမ်းမှာ၊ စတားလင့် ဝိုင်ဖိုင်တွေ ပိတ်လိုက်ပြီ။ အဲ့နားမှာ ရွှေတွင်းလည်း ရှိလို့၊ လက်နက်ကိုင်အဖွဲ့အစည်း ရှိလို့ ကြဲတာထင်တယ်၊ နေ့လယ်ဆို လက်နက်တကားကားနဲ့ ညဆို ပျောက်သွားတော့ ရွာသားတွေပဲ ခံလိုက်ရတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မိုးမိတ်မြို့နယ် ဝဲပေါင်းရွာ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ယခု ဗုံးကြဲခံရသည့် ဝဲပေါင်းကျေးရွာသည် မန္တလေး-မိုးမိတ် လမ်းမကြီးဘေးတွင် တည်ရှိပြီး မြို့နှင့် မိုင် (၄၀) ခန့် ကွာဝေးကာ အဆိုပါ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုထဲတွင် ရွှေမျော အများအပြားလည်း လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လေကြောင်းဗုံးကြဲခံရမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်တပ်သည် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး သုံးလုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၃) ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူ (၈) ဦး ထိမှန်ဒဏ်ရာ ရရှိကာ နေအိမ် (၁၀) လုံးလည်း ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ပုံစာ – မိုးမိတ်မြို့နယ် ဝဲပေါင်းရွာ လေကြောင်းဗုံးကြဲခံရပြီး သေဆုံးသွားသူများ(ဓာတ်ပုံ-ဒေသခံ)

အလားတူ အောက်တိုဘာလ ၇ ရက်တွင်လည်း TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့အနီး ပဇီကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၁၀) ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်လမ်းပိုင်းကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး မန္တလေး-မိုးကုတ်လမ်းကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...