စစ်ကော်မရှင်
စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား
သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိနေပါသည်။ အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်နှာတစ်ခုမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။ ၎င်းက”သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့...
နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းပြုလုပ်နေပြီး နောင်ပိန်ရွာထဲ ပစ္စည်းဝင်ယူသည့် ရွာသားများကို ရိုက်နှက်မောင်းထုတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတားဘက်မှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး...
ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ဝေဖန်သည့် တောင်ကြီးရောက် လားရှိုးစစ်ရှောင် ထောင် ၇ နှစ်ချခံရ
သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ တောင်ကြီးမြို့နယ် တရားရုံးက အေးသာယာမြို့တွင် ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် ကိုနေသွေး အား ရွေးကောက်ပွဲများကို...
ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...
ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...
ရွာငံတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦးထွက်ပြေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦး ထွက်ပြေးသွားသဖြင့် အပူတပြင်း ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုသို့ စစ်ကော်မရှင် အင်အား ၅၀ ခန့် လာရောက်တပ်စွဲထားရာမှ ထိုတပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ဈေးဝယ်ထွက်မည်ဟုဆိုကာ ထွက်ပြေးသွားသောကြောင့် အနီးနားကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ အပူတပြင်းရှာဖွေနေသည်ဟု သတင်းရင်းမြစ်ထံမှ...
လားရှိုးမြို့ သံတိုသံစရောင်းဝယ်သည့်အိမ် ပေါက်ကွဲမှုဖြစ်ပွား အရပ်သား ၄ ဦး ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် သံတိုသံစရောင်းဝယ်သည့်အိမ် ယနေ့ (စက်တင်ဘာ ၃)ရက် နေ့လည်ပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ( စက်တင်ဘာလ ၃ ရက်) နေ့လည် ၁၂နာရီခွဲ တွင် လားရှိုးမြို့ ရပ်ကွက်...
သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာကို စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...
ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ်နှင့် TNLA တို့အကြား စစ်ရေးတင်းမာနေ၊ တိုက်ပွဲပြင်းထန်လာနိုင်
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် ပြီးခဲ့သော ဩဂုတ် ၂၇ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကော်မရှင်နှင့် TNLA တို့အကြား အပစ်ရပ်ရေးအတွက်...
TNLA ထိန်းချုပ်ဒေသတွင် စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၅၀ နီးပါးသေဆုံး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုသေဆုံးမှုတွင်...






