အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်ဝယ်သူနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ဟုဆိုကာ လူ ၃ ဦးကို ဖမ်းဆီး

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်းဝယ်၍ အကြမ်ဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော CDM ဝန်ထမ်းတစ်ဦးနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည်ဟုဆိုကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်ပသို့ထွက်ပြေးတိမ်းရှောင်သူများနှင့် ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေးကြေး လိမ်လည်ခြင်း၊ တရားမဝင်ထိုင်းထီနှင့် တရားမဝင်စီးပွားရေး လုပ်ငန်များလုပ်ကိုင်ပြီး အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနိုင်ရန် ဆောက်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ ၁၀ ရက်)တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်း သီတာဇော်နှင့် ဖြိုးမင်းစိုးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်နေ သန်းဇော်မိုးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပညာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်း ဆရာမ ခိုင်စုလွင်ထံသို့ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်၍ တရားမဝင် ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင် အွန်လိုင်းမှ တရားမဝင်ရောင်းချလျက်ရှိသည့် ထိုင်းထီများ ဝယ်ယူခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် ပြည်ပတွင်နေထိုင်သော ခိုင်စုလွင်မှ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များအား အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ရောင်းချရသည့် ငွေများအား ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွဲပြောင်း ပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးရမိသော CDM ဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနှင့် ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့သည့် သန်းဇော်မိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု စစ်ကော်မရှင်က ဆိုထားသည်။

CDM ဝန်ထမ်း ဆရာမ ခိုင်စုလွင်သည် Khaing Su Lwin (Facebook Account)နှင့် Khaingsu38cdm (TikTok Account) တို့ကို ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများအား အွန်လိုင်းစနစ်ဖြင့် လိုင်စင်မရှိဘဲရောင်းချကြောင်း သိရသည်။

အဆိုပါ လိုင်စင်မရှိဘဲရောင်းချခြင်း လုပ်ငန်းအား CDM ဝန်ထမ်း မသီတာဇော်ထံမှ ချိတ်ဆက်ရယူ လုပ်ကိုင်ခဲ့ခြင်းနှင့် တရားမဝင် ထိုင်းထီရောင်းချခြင်းတို့မှ ရရှိလာသော ငွေကြေးများအား ကိုယ်ကျိူးအတွက် သုံးစွဲခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူ ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ယင်းကဲ့သို့ ထိုင်းထီရောင်းချသူများအား ဖမ်းဆီးနေခြင်းကြောင့် လုံခြုံရေးစိုးရိမ်နေရသည်ဟု အွန်လိုင်းမှ ထိုင်းထီရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း ထီရောင်းရတာလည်း သိပ်အဆင်မပြေပါဘူး၊ ရောင်းသူများပြီး ကိုယ့်ထက် အလျှော်စားများတော့ အရောင်းပါးတယ်။ အဲ့ကြောင့် လိုင်းပေါ်မှာ ဖောက်သည်ရှာနေတာ။ အခုလို ဖမ်းဆီးလာတော့ စိုးတော့စိုးရိမ်ရတာပေါ့” ဟု ထိုင်းထီရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဧပြီလ ၁၃ ရက်)တွင်လည်း အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်နေ ဖြူဖြူနှင်းကို ဖမ်းဆီးခဲ့သလို (မေလ ၈ ရက်)တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရွေသပြေလမ်းထောင့် အမှတ် (၃/က) နေ ဘုန်းမြင့်အောင်ကိုလည်း ဖမ်းဆီးခဲ့သည်။

တော်လှန်ရေးကို ထောက်ပို့လှူဒါန်းနေသည့် အဆိုတော် ချမ်းချမ်း၊ ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် CDM ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူမှုကွန်ရက်အကောင့်များဖြင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများ အားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင် ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...