မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင် ပြင်ဆင်၊ ဒေသခံများကို လုပ်အားပေးခိုင်း

သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီးသည် နောင်ချိုမြို့သို့ ရောက်ရှိလာပြီး နောင်ချိုဘူတာမှတဆင့် သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်တံတားကို သွားရောက်စစ်ဆေးခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ဂုတ်ထိပ်တံတားသို့ ၎င်းလက်အောက်ခံ ဝန်ကြီး မလာရောက်ခင် စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် ကုန်းစံကျေးရွာအုပ်စုရှိ ဒေသခံများကို စစ်ကော်မရှင်တပ်သားများက ရထားသံလမ်းတလျှောက် သန့်ရှင်းရေးပြုလုပ်ရန် လုပ်အားပေးခိုင်းစေခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကိုဗစ်ကတည်းက ရထားမသွားရတော့ သံလမ်းတလျှောက်မှာ ခြုံပုတ်တွေ ဖြစ်နေတာ၊ အဲ့တာ လူကြီးလာမယ်ဆိုပြီး ကုန်းစံဘက်က ရွာသားတွေကို လုပ်အားပေး ဆိုပြီးတော့ အလကား ခေါ်ခိုင်းတာ။ သံလမ်းဘေးက နေကြာရိုင်းတွေ သွားခုတ်ခိုင်းတာ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားရောက်ကြည့်ရှုစဉ် မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျောက်မဲဘက်ခြမ်း တံတားချဉ်းကပ်တိုင်နေရာနှင့် တံတားတိုင်အမှတ် ၁၆ အကြား ယာယီဒေါက်တိုင်ဖြင့် သံပေါင်တပ်ဆင်နိုင်ရေး၊ သမိုင်းအမွေအနှစ် တံတားဖြစ်သဖြင့် မူလလက်ရာ ဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး မြန်မာ့မီးရထား အင်ဂျင်နီယာဝန်ထမ်းများမှ စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေစဉ် ပြီးခဲ့သည့် ဩဂုတ်လ (၂၄) ရက်တွင် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ပေ (၃၀) ခန့် ကျိုးကျပျက်စီးသွားကြောင်း စစ်ကော်မရှင်လက်အောက်ခံ မီဒီယာများနှင့် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပုံနှင့်တကွ ပျံ့နှံ့လာပြီးနောက် တံတားမိုင်းခွဲဖျက်ဆီးကြောင်း စစ်ကော်မရှင်နှင့် TNLA နှစ်ဘက်အပြန်အလှန် စွပ်စွဲထားကြသည်။

လက်ရှိတွင် ကျောက်မဲမြို့ဘက်သို့ မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် ဂုတ်တွင်းလမ်းပိုင်းရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားကြီးကို စစ်ကောင်မရှင်ဘက်မှ သံဘောင်ဘေလီတံတား တည်ဆောက်ထားပြီး TNLA ပူးပေါင်းတပ်မှ ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာကျေးရွာတွင် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...