ရွာငံမြို့နယ် ကျေးရွာအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ ရွားသားများကို ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ယခုရက်ပိုင်း၌ စစ်ကြောင်းထိုးလာနေပြီး ကျေးရွာအတွင်း ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှစ၍ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုထဲကို စစ်ကော်မရှင်တပ်သည် မြေပြင် အင်အား (၁၀၀) ဝန်းကျင့်ဖြင့် စစ်ကြောင်းထိုးလာနေပြီး ခြံသွားလာနေသည့် ဒေသခံများအား စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခြင်းနှင့် တောတောင်အတွင်း လက်နက်ကြီးပစ်ခတ်ခြင်း ပြုလုပ်နေကြောင်း ကျောက်ငှက်ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာမှာ တပ်စွဲထားတာတော့ တစ်ပတ်လောက်ကြာပြီ၊ အခုထိ မပြန်ကြသေးဘူး။ ရွာသားတွေက သူတို့စစ်ကြောင်းရှိတော့ ခြံမသွားရဲဘူး။ ခြံသွားလို့ သူတို့နဲ့တွေ့ရင် ရိုက်နှက်ခံရသေးတာ။ သုံး၊ လေး ယောက်လောက် အရိုက်ခံရတယ်။ တချို့ဆိုရင် ကျောကုန်းတွေ ညိုကုန်တာ၊ ရွာမှာဆိုလည်း သူတို့က ရွာသားတွေကြက်တွေလဲ ပစ်စားတာ။ ဒီကောင်တွေရွာမှာရှိတော့ ရွာသားတွေ ကြောက်နေရတာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် အနီးတဝိုက် ကျေးရွာရှိ ပျူစောထီးများပါ ခေါ်ဆောင်လာပြီး တောတောင်ဘက်တွင် နေ့စဉ်အလှည့်ကျ စစ်ကြောင်းလှည့်ခိုင်းနေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်တွင်လည်း ရွာငံမြို့နယ် မင်းပလောင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် အဆိုပါကျေးရွာအနီးတဝိုက်ရှိ စစ်ဘေးရှောင်းများလည်း လုံခြုံရေး စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်ကူညီသူ အသက် (၃၀) နှစ်ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုတလော စစ်ကော်မရှင်က မကြာခဏ ဆိုသလို စစ်ကြောင်းလာတယ်။ စစ်ရှောင်တွေအတွက်လည်း လုံခြုံမှု ခက်ခဲတာပေါ့။ သူတို့မှာ စားစရာလည်း လုံလောက်မှု မရှိဘူး။ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ ပါတယ်။ ကလေးတွေရော ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတယ်။ ဆေးက မလုံလောက်တာနဲ့ ဆေးကုပေးတဲ့သူ အလောက်ငှ မရှိတာနဲ့ အရမ်းခက်ခဲနေတယ်”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဆေးဝါးမလုံလောက်မှုကြောင့် ပြီးခဲ့သော မတ်လတွင် ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှောခြင်း ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်အပြင် စစ်ဘေးရှောင် ဦးရေ (၂၀၀) လည်း အရေပြားရောဂါ ခံစားနေရကြောင်း သိရသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပမည့် အပိုင်း (၁) ရွေးကောက်ပွဲအတွက် ရွာငံမြို့နယ် မပါဝင်သေးသော်လည်း စစ်ကော်မရှင်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း ရွာငံမြို့နယ် ရေလှကျေးရွာမှ စစ်ကော်မရှင်တပ်သည် အင်အား (၁၀၀) ခန့်ဖြင့် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းလာစဉ် ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ မင်းပလောင်ရွာမှ စစ်ဘေးရှောင် (၇၀၀) ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...