ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး နှစ်ဉီးနှင့် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးသွားပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၆ရက်တွင် အမျိုးသမီးနှစ်ဉီးကို ပြန်လည်လွှတ် ပေးခဲ့ကြောင်း ထိုကိစ္စရပ်ကိုသိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကော်မရှင်ကတော့ ရွာကို စစ်ကြောင်း သုံးကြောင်းနဲ့ လာတယ်။ ဒီနားက တောထဲလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ ဒရုန်းနဲ့လည်း အရင်ရှာဖွေပြီး ဝင်တာ။ ရွာက ဒေသခံ ၁၀ ဦးကိုလည်း ဖမ်းသွားတာ။ တချို့ဒေသခံက ဘာမသိဘူး ဒီတိုင်း စစ်ကြောင်းနဲ့ တွေ့လို့ အဖမ်းခံရတာ။ တချို့ကြတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစု တွေပါတယ်။” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မတွေ့လျှင် ၎င်း၏ မိသားစုများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ဒေသခံပိုင်သည့် ကားများကိုလည်း ချောဆွဲ ယူဆောင်သွားကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“အနီးနားက တော်လှန်ရေးတပ်ဖွဲ့တွေကို သူတို့ အင်အားအလုံးရင်းနဲ့ ရှာဖွေနေတာ။ စက်တင်ဘာလ ၁၃ ရက်နေ့ကတောင် ထိတွေ့တိုက်ပွဲ ဖြစ်သေးတယ်။ နှစ်ဖက်လုံး ထိခိုက်မှုရှိတယ်။ စစ်ကော်မရှင်ဘက်က ပိုကျဆုံးတာပေါ့”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး ရွာငံမြို့နယ် ညောင်ပင်သာကျေးရွာနှင့် ကျောက်တောကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ အစတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၈၀၀‌ကျော် စစ်ဘေးတိမ်းရှောင် နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“အဲဒီရွာနှစ်ရွာက နဲနဲတောကျတဲ့ထဲ ပါတယ်။ ဘေးပတ်ပတ်လည်က တောတွေပဲ။ မြို့နဲ့လည်း အလှမ်းဝေးတော့ ဗုံးကြဲခံလိုက်ရတာ လူတွေ သိပ်မသိဘူး။ အဲတုန်းက ဒေသခံတွေ ရှောင်တိမ်းရတာ မြန်လို့ လူတွေမထိတာ။ အခုတော့ သူတို့ အကုန်ရှောင်တိမ်းနေရတယ်။ စစ်တပ်ကလဲ အဲဖက်ကို မကြာခဏ စစ်ကြောင်းထိုးနေတာ။”ဟု ၎င်း ရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာ အုပ်စုတို့တွင် စစ်ကော်မရှင်က အင်အား (၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး၍ ရွာသားများကိုလည်း ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယခုလက်ရှိ စစ်ကော်မရှင် တပ်သည် ကျောက်ငှက်ကျေးရွာ အုပ်စုတွင် တပ်စွဲထားပြီး ရွာသားများကိုလည်း ထမင်းထုတ်များပို့ခိုင်းကာ ရွာသားများပိုင် ပစ္စည်းများကို အတင်းအဓမ္မယူဆောင်နေကြောင်း ဒေသခံများ ကပြောသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပမည့် အပိုင်း (၁) ရွေးကောက်ပွဲအတွက် ရွာငံမြို့နယ် မပါဝင်သေးသော်လည်း စစ်ကော်မရှင်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...