စစ်ကောင်စီ
ဗန်းမော်သို့ ဆန်တက်သည့် စစ်ကောင်စီ လက်နက် ရိက္ခာ သင်္ဘောများကို KIA တိုက်ခိုက် သိမ်းပိုက်
SHAN -
ကချင်ပြည်နယ်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ လက်နက် ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘော အုပ်စုကို KIA ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်လျက်ရှိရာ သင်္ဘော ၂ စီး နစ်မြုပ်ပြီး ၄ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ လက်နက်...
နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား
သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (သြဂုတ် ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး “နမ့်ခမ်းက အကြမ်းဖက်...
” ဘဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို တကယ်စိတ်မကောင်းဘူး” ဟု စစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံ ဒေသအတော်များများတွင် ယခုဖြစ်ပေါ်နေသည့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများကို တကယ်စိတ်မကောင်းဘူးဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ရာတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ”သဘာဝဘေး အန္တရာယ်ဆိုတာက...
နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ
သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀)...
သီပေါ (၅)ရက်အတွင်း စစ်ကောင်စီဗုံးကြဲတိုက်ခိုက် ပြည်သူ( ၁၀ )ဦးထက်မနည်းသေဆုံး
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၁၀) ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်မှစပြီး ယမန်နေ့( စက်တင်ဘာ ၁၇ )ရက်နေ့ (၅) ရက်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့တိုက်ပွဲ...
ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား
သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ်...
အမျိုးသမီးတွေကိုပါ ခြိမ်းခြောက်လာတဲ့ စစ်မှုထမ်းဥပဒေ
SHAN -
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမဲရလဒ်များကို လက်မခံဟုဆိုကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းမှုကိုလက်မခံသော လူငယ်များမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်မှာလည်း ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ ထိုကဲ့သို့တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ကောင်စီအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏...
ပြင်ဦးလွင်မြို့ စစ်ကောင်စီမှ မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေ
SHAN -
ပြင်ဦးလွင်မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့အနီးနားကျေးရွာများကို စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိစစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ မြို့တွင်း နှင့် မြို့အနီးတဝိုက် ကျေးရွာများတွင် မတရားလိုက်လံဖမ်းဆီးကြောင်း၊ တစ်ရပ်ကွက်လျှင် ၇ ဦးထက်မနည်းလိုက်လံဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်နေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အခုတလော ရပ်ကွက်နဲ့...
သီပေါမြို့နယ် စစ်ကောင်စီ လေကြောင်း ဗုံးကြဲ အရပ်သားတစ်ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တောင်ရပ်ကွက်ကို ယနေ့ (စက်တင်ဘာ ၁၆)ရက် နံနက် ၉နာရီကျော်၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့ တောင်ရပ်ကွက် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဖြင့်...
မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး
SHAN -
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။ အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း...





