မူဆယ် စစ်ကောင်စီဖမ်း ကျားဖြန့်သမားများ ၂သောင်းဖြင့် ပြန်ရွေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို တရုတ်ယွမ်ငွေ ၂ သောင်းဖြင့် ပြန်လည် ထုတ်ယူရန် ပြောဆိုနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီမှ မူဆယ်မြို့တွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ (၅၀၀)ကျော်ကို ဖမ်းဆီးရမိထားပြီး မင်္ဂလာမူဆယ် အနီးတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဖမ်းဆီး ထိန်းသိမ်းခံထားရသော အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ (၅၀၀) ကျော်တွင် တရုတ်လူမျိုး (၂၆၀) ကျော် ပါဝင်နေပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသားများကို တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၂ သောင်း (မြန်မာကျပ်ငွေ သိန်း ၁၃၀ ကျပ်) ဖြင့် ပြန်ရွေးထုတ်ရမည် ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်ထုတ်မယ်ဆိုရင်တော့ တစ်ယောက်ကို ယွမ်ငွေ ၂သောင်းတဲ့၊ မြန်မာနိုင်ငံသားပဲ တရုတ်က လူတွေမပါဘူး ထုတ်လို့ရတာ။ သူတို့အခု တရုတ်က ကျားဖြန့်လုပ်တဲ့လူ ၆၀၀ ကျော်ကို တောင်းလာတာ။ အနည်းဆုံး ၄၀၀ အထိ ဖမ်းပေးရမယ်လို့ ပြောတယ်”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

တရုတ်ဘက်မှ ကျားဖြန့်လုပ်ကိုင်သူ လူဦးရေ (၆၀၀) ကို ဖမ်းဆီးပေးရန် စစ်ကောင်စီကို တောင်းဆိုထားပြီး လက်ရှိတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်လူမျိုး (၂၆၀) ကျော်သာ ဖမ်းဆီး ရမိထားသည့်အတွက် ဆက်လက်၍ ဖမ်းဆီမှုများ ပြုလုပ်နေကြောင်း မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

“တရုတ်ကတော့ အဲ့ဖမ်းဆီးထားတဲ့ ၂၆၀ ကျော်ကို ဒီနေ့ မယူသေးဘူး။ အခုကတော့ အုပ်ချုပ်ရေးမှူးတွေကို ဆက်ပြီး စုံစမ်းခိုင်းနေတာ ထပ်ဖမ်းဖို့။ ၄၀၀ တောင် မရသေးတော့ တရုတ်က လက်မခံသေးတာ။ ပိုက်ဆံပေးနိုင်တဲ့ လူတချို့ကလည်း ပြေးနေကြပြီလေ။ တရုတ်လူတွေကိုလည်း ပြည်သူ့စစ်ကပဲ အကာအကွယ် ယူပေးတာ” ဟု မူဆယ်မြို့ ‌ဒေသခံအမျိုးသားက ပြောသည်။

မူဆယ်မြို့တွင် ယနေ့ (စက်တင်ဘာ ၂၅ ရက်) အထိ ၃ ရက်ဆက်တိုက် မြို့အဝင်အထွက် လမ်းများကို စစ်ကောင်စီမှ ဆက်လက် ပိတ်ထားပြီး စစ်ဆေးမှုများလည်း တင်းကြပ်နေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ ရက် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီမှ ဝင်ရောက် ဖမ်းဆီးချိန်တွင် ပြည်သူ့စစ်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်များ ကျင်လည်လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာသည့် နေရာဖြစ်ကာ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲမဖြစ်ပွားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ယခင်က မကြာခဏဆိုသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပူးပေါင်းဖမ်းဆီး ခဲ့သော်လည်း ၎င်းလုပ်ငန်းများ လျော့ကျသွားခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...