ဆီဆိုင်မြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်နေသည်ဟု စုံစမ်းသိရသည်။

ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်လောက်မှ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး ကုန်ပစ္စည်းအများအပြား သယ်လာသည့် ကုန်ကားကြီးများကို ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒုတိယပတ်လောက်မှ စစ်ဆေးတာပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တော့ ပေးဖြတ်တယ်။ ကုန်ကားကြီးတွေဆို မပေးဖြတ်ဘူး။ ပစ္စည်းအများကြီးတင်တဲ့ကားတွေဆိုလည်း မပေးသွားဘူး။ ဘာလို့လည်ဆိုတာတော့ မသိဘူး ။ တိုက်ပွဲပြန်ဖြစ်နိုင်ခြေရှိနေလိုလာ မသိဘူး “ ၎င်းကပြောသည်။

ယခုကဲ့သို့ ကုန်သည်ကားကြီးတွေ ပိတ်ပင်လိုက်ခြင်းသည် ဆိုင်ရှင်နှင့် ပြည်သူများအတွက် စားသောက်ရန် ပိုကြပ်လာပြီး၊ တိုက်ပွဲဖြစ်ပြီးနောက်တွင် တမြို့လုံးနီးပါးပျက်စီးကုန်ကြပြီး မိသားစုများ စားသောက်နေရန် အလုပ်လုပ်နေရသည့် ပြည်သူများလည်း တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲ့လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ခုလို ကုန်ကားတွေပိတ်လိုက်တော့ ဆိုင်ရှင်နဲ့ စားသုံးသူတွေအတွက်က ပိုကျပ်လာတယ်။ မြို့ကလည်း တော်တော်လေးဟောင်းသွားတယ်။ မြို့ခံ ၃ ပုံတစ်ပုံပဲကျန်တော့ စားသောက်ဖို့ရှာရတာ တကယ်မလွယ်ဘူး။ တိုက်ပွဲပြန်ဖြစ်မှာလည်း စိုးရိမ်နေရတယ် ကြောက်ကြောက်နဲ့နေနေရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ PNO စောင့်သည့် စစ်ဆေးရေးဂိတ်တွင်စောင့်ပြီး ဆက်ကြေးများကောက်မှုကြောင့် ဒေသခံများတွက် အခက်အခဲများဖြစ်နေပြီး ပွဲများရှိလျှင် ဂိတ်ပိုဖြတ်သန်းသွားလာလျှင် စစ်ဆေးမှုများတင်ကြပ် ကြောင်းသိရသည်။

ထို ငွေမကြာခဏကောက်ခံမှုများကြောင့် ပြည်သူများအနေဖြင့် ငွေရေး၊ ကြေးရေး အခက်အခဲအပြင် ခရီသွားရာတွင်လည်း အခက်အခဲများကြုံတွေ့စေကြောင်း သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း သျှမ်းပြည်တစ်ဝှမ်းလုံးရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေး ဂိတ်တိုးချဲ့ ဆောက်လုပ်ပြီး ခရီးသွား ပြည်သူများကို ငွေအဆမတန် တောင်းခံနေလျက်ရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...