Tuesday, January 27, 2026

WFP က စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး
“နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော လူပေါင်း ၅ သိန်းအတွက် ဆန်၊ ဘီစကစ်များနှင့် အဟာရပြည့်ဝသော ဖြည့်စွက်စာများအပါအဝင် အရေးပေါ်အစားအစာများ တစ်လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်” လို့ (မူရင်အတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး KO Thet ချန်နယ်အပြင် အခြားတယ်လီဂရမ်ချန်နယ် တွေပါ ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/wEiOk

ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/J99Ib

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့မယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

WFP ထုတ်ပြန်ချက် – https://archive.ph/0rFL4

ဒါပေမဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီထံမှတစ်ဆင့် လှူဒါန်းမယ်ဆိုပြီး ဖော်ပြထားတာမရှိပါဘူး။

ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီး ၃ ခုရှိ ရေဘေးသင့် ပြည်သူ ၅ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က တိုက်ရိုက်ဖြန့်ဝေသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါအပြင် WFP အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဝေရာမှာ မည်သည့်အာဏာပိုင်များ၊ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှာမဟုတ်ဘဲ ဒေသခံအဖွဲ့အစည်းများ၊ ရပ်ရွာ လူထုလူမှုအသိုင်းအဝိုင်းများနဲ့သာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကေအိုင်စီသတင်းဌာနကိုလည်း စက်တင်ဘာလ ၁၉ ရက်က ပြောဆိုထားပါတယ်။

သတင်းအပြည့်အစုံကိုအောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://archive.ph/4OkyF

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က Narinjara သတင်းဌာနမှာ “WFP က ရေဘေးသင့်ပြည်သူ (၅) သိန်းကို တစ်လစာ စားနပ်ရိက္ခာများ ပံ့ပိုးကူညီမည်” ဆိုပြီး ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://archive.ph/8naUS

သုံးသပ်ချက်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့မယ့် အစီစဉ်ဟာမှန်ကန်ပါတယ်။ အဲ့ဒီထောက်ပံ့မှုကို စစ်ကောင်စီမှတစ်ဆင့် ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ ဖော်ပြချက်က မဟုတ်ပါဘူး။ မှားယွန်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက “WFP အနေနဲ့ စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်”ဆိုပြီး အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...