WFP က စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး
“နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော လူပေါင်း ၅ သိန်းအတွက် ဆန်၊ ဘီစကစ်များနှင့် အဟာရပြည့်ဝသော ဖြည့်စွက်စာများအပါအဝင် အရေးပေါ်အစားအစာများ တစ်လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်” လို့ (မူရင်အတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး KO Thet ချန်နယ်အပြင် အခြားတယ်လီဂရမ်ချန်နယ် တွေပါ ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/wEiOk

ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/J99Ib

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့မယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

WFP ထုတ်ပြန်ချက် – https://archive.ph/0rFL4

ဒါပေမဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီထံမှတစ်ဆင့် လှူဒါန်းမယ်ဆိုပြီး ဖော်ပြထားတာမရှိပါဘူး။

ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီး ၃ ခုရှိ ရေဘေးသင့် ပြည်သူ ၅ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က တိုက်ရိုက်ဖြန့်ဝေသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါအပြင် WFP အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဝေရာမှာ မည်သည့်အာဏာပိုင်များ၊ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှာမဟုတ်ဘဲ ဒေသခံအဖွဲ့အစည်းများ၊ ရပ်ရွာ လူထုလူမှုအသိုင်းအဝိုင်းများနဲ့သာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကေအိုင်စီသတင်းဌာနကိုလည်း စက်တင်ဘာလ ၁၉ ရက်က ပြောဆိုထားပါတယ်။

သတင်းအပြည့်အစုံကိုအောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://archive.ph/4OkyF

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က Narinjara သတင်းဌာနမှာ “WFP က ရေဘေးသင့်ပြည်သူ (၅) သိန်းကို တစ်လစာ စားနပ်ရိက္ခာများ ပံ့ပိုးကူညီမည်” ဆိုပြီး ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://archive.ph/8naUS

သုံးသပ်ချက်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့မယ့် အစီစဉ်ဟာမှန်ကန်ပါတယ်။ အဲ့ဒီထောက်ပံ့မှုကို စစ်ကောင်စီမှတစ်ဆင့် ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ ဖော်ပြချက်က မဟုတ်ပါဘူး။ မှားယွန်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက “WFP အနေနဲ့ စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်”ဆိုပြီး အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...